Posts

အခန်း 3

ထာဝရနဂါး တန်ခိုးရှင် ( လုမင် ) မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ကိုခန့် အပိုင်း ( 3 ) ချီသန့်စင်ခြင်း လုမင် ဆေးစွမ်းအင်တွေကို လုံးဝစုပ်ယူပြီချိန်၌ နောက်တစ်နေ့မွန့်တည့်ချိန်ပင် ရောက်တော့မည်ဖြစ်သည်။ သူဟာ တစ်ညလုံး မအိပ်ခဲ့သော်လည်း အိပ်ချင်စိတ်လုံးဝမရှိပါချေ။ယင်းအစား တစ်ကိုယ်လုံး အားအင်ပြည့်ဝနေသည်ဟု ခံစားနေခဲ့ရသည်။ ရိုးတွင်းခြင်ဆီသန့်စင်ဆေးက သူ့ကို လုံးဝပြောင်းလဲသွားစေခဲ့ပါသည်။သူ့ခန္ဓာကိုယ်က သာမန်လူငယ်တွေထက် ပိုသန်မာလာခဲ့ပြီး သွေးကြောတွေ မဖွင့်ရသေးတာတစ်ခုကလွဲရင် အလွန်ဖြတ်လတ် တက်ကြွလာခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ထူထဲသည့်အညစ်အကြေးအလွှာတစ်ခုက ဖုံးလွှမ်းနေ၏။ယင်းက သူ့ကိုအလွန်မင်း မသက်မသာခံစားရစေပါသည်။ အတွေးတစ်ချက်နှင့် လုမင် သူ့အခန်းထဲသို့ ပြန်ရောက်လာခဲ့သည်။ အခန်းတံခါးဖွင့်လိုက်ပြီးနောက် မည်သူ့ကိုမှမတွေ့ရပါချေ။လီပင်းနှင့် ချင်ယွဲ့ဟာ ဈေးဝယ်ဖို့ထွက်သွားကြသည်ဟု သူထင်သည်။ လုမင် ခြံဝင်းထဲရှိ ရေကန်မှာ သူ့ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးတွေကို ဆေးကြောသုတ်သင်ပစ်လိုက်သည်။ အဝတ်အစားလဲလိုက်ပြိးနောက် အတော်ကောင်းမွန်လာသည်ဟု ခံစားလိုက်ရသည်။ ထိုစဉ်မှာပင် လီပင်းနှင့် ချင်ယွဲ့ အပြင်မှပြ...

အခန်း 2

ထာဝရနဂါး တန်ခိုးရှင် ( လုမင် ) မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ကိုခန့် အပိုင်း ( 2 ) "နဂါးတိုက်ခိုက်‌ရေးနှင့် အစစ်အမှန်ချီ" လုချွမ် လက်ပိုက်ပြီး အေးစက်စက်မျက်နှာနှင့် လုမင်ကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ "မင်အာ…" လီပင်း တစ်ခုခုပြောချင်သော်လည်း လုမင်တားမြစ်လိုက်သည်။ "အမေ... ကိစ္စမရှ်ိပါဘူး... ကျွန်တော်တို့ သွားကြတာပေါ့" လုမင်ပြောလိုက်သည်။ "မင်အာ... မင်းရဲ့ ဒဏ်ရာတွေက မကောင်းသေးဘူးလေ... ဒီညအရမ်းအေးနေရင် ဘယ်လိုလုပ်မလဲ!" လီပင်းက စိုးရိမ်လို့နေပါသည်။ လုမင် ခေါင်းကို ခါယမ်းလိုက်ပြီး "ကျွန်ဝောာ် အဆင်ပြေပါတယ်အမေ... ထွက်သွားကြမယ်... ဒါပေမယ့် အနှေးနဲ့အမြန် ဒီကိုပြန်လာရလိမ့်မယ်... ဒါက အဖေနဲ့ အမေတို့ လပ်ထပ်ပြီး နေခဲ့ကြတဲ့အိမ်... ဘယ်သူမှ ယူသွားလို့မရနိုင်စေရဘူး" "အေးပါကွယ်" လီပင်း သက်ပြင်းချလိုက်ပြီး ချင်ယွဲ့ကို ပစ္စည်းတွေ သိမ်းဆည်းခိုင်းလိုက်တော့သည်။ လုချွမ် လက်ပိုက်ကာ လိုက်လံကြည့်ရှုနေရင်း ရုတ်တရက် သူ့မျက်လုံးတွေက တောက်ပလာပါသည်။ "နေဦး... ဒီဓါးကို ခင်ဗျားတို့ ယူမသွားရဘူး" လုချွမ် လီပင်းရဲ့အနားကို ...

အကျဉ်းချုပ်၊ အခန်း 1

မူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသုံးမကျသူအဖြစ် အရှက်ခွဲမှုအမျိုးမျိုးကို ခံခဲ့ရတယ်… ဒါပေမယ့် ကံကောင်းမှုတစ်ခုကိုကြုံတွေ့ပြီး ထိပ်သီးကျွမ်းကျင်သူကြီးရဲ့အမွေကို ဆက်ခံရရှိခဲ့ချိန်မှာတော့… သူ့ရဲ့စွမ်းရည်တွေဟာ တဟုန်ထိုး ထိုးတက်သွားခဲ့ရတယ်။ သူဟာ နဂါးတန်ခိုးရှင်ဖြစ်ပြီး ဒဏ္ဍာရီများစွာနဲ့အတူ လောကကြီးတစ်ခုလုံးကို တုန်ခါသွားစေခဲ့တော့တယ်။ -------- အပိုင်း ( 1 ) သွေးကြော ပြန်လည်မွေးဖွားခြင်း နေဝင်ချိန်… ဖန်ဟိုမြို့အပြင်ဘက်ရှ်ိ ချီယွမ်တောင်ထိပ်တွင် ကျောက်တုံးစားပွဲတစ်လုံးရှိနေပါသည်။စားပွဲဘေးမှာဝောာ့ ကျောက်ခုံတန်းလေးရှိပြီး လူငယ်လေးတစ်ဦးနှင့် မိန်းမငယ်လေးတစ်ဦးဟာ ပူးကပ်စွာ ထိုင်နေခဲ့ကြသည်။ လူငယ်လေးက ပိန်ပိန်ပါးပါးနှင့် သူ့မျက်နှာက ဖြူဖျော့နေပါသည်။မိန်းမပျိုကတော့ နှင်းဖြူလို စကတ်ရှည်ကို ဝတ်ဆင်ထားခဲ့သည်။ သူမရဲ့ အသားအရေက ကျောက်စိမ်းကဲ့သို့ ချောမွေ့ ကြည်လင်ကာ လှပသူ‌တစ်ဦးဖြစ်သည်။ မိန်...

အခန်း 6

ထာဝရနဂါး တန်ခိုးရှင် ( လုမင် ) မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ကိုခန့် အပိုင်း ( 6 ) ကြွယ်ဝချမ်းသာလာခြင်း လုမင် ဂရုတစိုက်ရှာဖွေပြီးနောက် တောင်တက်လမ်းတစ်ခုကိုတွေ့လိုက်သည်။ထိုလမ်းက ကြမ်းတမ်းပေမယ့် လုမင်ရဲ့ ကျင့်ကြံခြင်းအခြေခံက တက်ရောက်ဖို့လုံလောက်ပါသည်။ လုမင် ပျော်ရွှင်စွာနှင့် လမ်းအတိုင်း တက်သွားလိုက်သည်။ဆယ်မိနစ်ခန့်ကြာပြီးနောက် လုမင် တောင်ထိပ်ကို ရောက်သွားခဲ့သည်။ သဲမြွေသူခိုးတွေဟာ သူတို့ရဲ့ လျို့ဝှတ်လမ်းကို ဘယ်သူမှသိနိုင်မယ်မထင်ထားတာကြောင့် အစောင့်တစ်ယောက်မှရှိမနေပါချေ။ယင်းက သူ့အတွက် ကံကောင်းခြင်းပင်ဖြစ်သည်။ လီမိသားစုကလူတွေကို တိုက်ခိုက်ဖို့ သဲမြွေသူခိုးအားလုံး ထွက်သွားခဲ့ကြသည်လေ။ လီဖန်းရဲ့ ပြောစကားအတိုင်း သဲမြွေသူခိုးခေါင်းဆောင်ရဲ့ အိပ်ခန်းကို လုမင်သွားလိုက်သည်။လီဖန်း ပြောတာသာမှန်ရင် ရတနာတွေက သဲမြွေသူခိုးခေါင်းဆောင်ရဲ့ အိပ်ရာအောက်မှာ ရှိပေလိမ့်မည်။ သဲမြွေသူခိုးခေါင်းဆောင်က သာမန်ကုန်သည်တစ်ဦးအသွင်နှင့် ဖန်ဟိုမြို့ရှိ သူ့မယားဆီလာလေ့ရှိသည်။လီဖန်းက သူ့မိန်းမထံမှ တစ်ဆင့်သိလာခဲ့ခြင်းပင်ဖြစ်သည်။ ခနကြာပြီးနောက် လုမင် သဲမြွေသူခိုး၏ အိပ်ခန်းသို့ ရောက်ရှိသွားခဲ့သည်။အိပ်ရာအော...

အခန်း 5

ထာဝရနဂါး တန်ခိုးရှင် ( လုမင် ) မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ကိုခန့် အပိုင်း ( 5 ) သတ်ဖြတ်ခြင်း လုမင် စိတ်လှုပ်ရှားသွားပြီး အာရုံစိုက်ကာ နားထောင်လိုက်သည်။ "ဟားဟားဟား… သေချာတာပေါ့… သဲမြွေသူခိုးခေါင်းဆောင်က သူ့မယားလေးအတွက် အရမ်းကြိုးစားနေခဲ့တာလေ… ကျုပ်က ဒီကိုလာတဲ့လမ်းကို အဲ့ကောင်မလေးဆီက သိလာတာ… ခင်ဗျားကသာ ကျုပ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိရင် ဒီကိုခေါ်လာမှာမဟုပ်ဘူး" နောက်အသံတစ်ချက် ထွက်ပေါ်လာခဲ့ပါသည်။ အသံတွေအရတော့ ထိုနှစ်ဦးလုံးက လူငယ်တွေဖြစ်ပုံရသည်။ "ကျုပ်သိတာပေါ့… အကိုဖန်းရာ… ခင်ဗျားက ရုပ်ရည်ချောမောခန့်ညားရုံတင်မက ‌ရိုးသားဖြောင့်မတ်တဲ့သူပဲလေ" ပထမအသံပိုင်ရှင်က မြှောက်ပင့်လိုက်သည်။ "ဟားဟားဟား!" အကိုဖန်းဆိုသူက ရယ်မောပြီးနောက် ‌ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။ "ဒီနားမှာဂူတစ်ဂူပဲကွ… ကျုပ်တို့အရင်နားကြရအောင်… ပြီးမှ ခေါင်းဆောင်နဲ့ အခြားသူ‌တွေ သဲမြွေသူခိုးကို တိုက်ခိုက်နေကြတုန်း ကျုပ်တို့က သူတို့ရဲ့အသိုက်ထဲကို ခိုးဝင်မယ်… ဒါဆိုရင် သဲမြွေသူခိုးရဲ့ရတနာအားလုံးက ကျုပ်တို့လက်ထဲကိုရောက်ပြီပေါ့" ပြောပြောဆိုဆိုနှင့် အသက် ဆယ့်ခြောက်နှစ်၊ဆယ...

အခန်း 4

ထာဝရနဂါး တန်ခိုးရှင် ( လုမင် ) မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ကိုခန့် အပိုင်း 4 နတ်ဆိုးသားရဲတောင်တန်း ဖန်ဟိုမြို့မှာ လုမိသားစုက အင်အားအကြီးဆုံးဖြစ်ပြီး အခြားဘယ်မိသားစုကမှ မယှဉ်သာပါချေ။ လီမိသားစုက အစပိုင်းမှာ ဖန်ဟိုမြို့ရှိ သာမန်မိသားစုလေးထက် မပိုပေ။နောက်ပိုင်း လီပင်းဟာ လုမိသားစုခေါင်းဆောင် လုယွမ်ထျန်းနှင့် လက်ထပ်လိုက်တဲ့အခါမှာတော့ လုမိသားစုကိုမှီပြီး လီမိသားစုက အင်အားတောင့်တင်းလာခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က လီမိသားစုက လီပင်းကိုအလွန်ဂရုစိုက်တယ်ဆိုတာ လုမင်မှတ်မိနေသေးသည်။ သို့သော် လုယွင်ထျန်း မတော်တဆမှုဖြစ်သွားပြီးနောက် လီမိသားစုရဲ့ သူတို့သားအမိအပေါ်သဘောထားက သိသိသာသာကို ပြောင်းလဲသွားခဲ့သည်။လုမင်ရဲ့အဖိုးသေသွားပြီးနောက် သူ့ဦးလေးက လီမိသားစုခေါင်းဆောင်ရာထူးဆက်ခံသည်။သို့သော် သူကိုယ်တိုင်ကပင် သူတို့သားအမိကို လျစ်လျုရှုထားခဲ့တော့သည်။ ယင်းက လူ့သဘောသဘာဝပင် ဖြစ်ပေလိမ့်မည်။ လီမိသားစု ခြံဝင်းထဲတွင်… လှပင်းဟာ တုန်ခါနေတဲ့ခန္ဓာကိုယ်နှင့် ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေခဲ့ပါသည်။ ဘေးအနားမှာတော့ လီမိသားစုကလေးတွေက လီပင်းကိုလက်ညိုးထိုးရင်း စကားပြောဆိုနေကြသည်။ ခြံဝင်းအထက်မှာတော့ သတ်လတ်ပိုင်းအရွ...

ထာဝရနဂါး တန်ခိုးရှင် အကျဉ်းချုပ်

ဝတ္ထုစီးရီး 📘 ထာဝရနဂါး တန်ခိုးရှင် စာရေးသူ 🖊 ထာဝရ(လုမင်) လူငယ်လေး လုမင် ဟာ သွေးကြောလုယူခြင်း ခံရပြီး အသုံးမကျသူအဖြစ် အရှက်ခွဲမှုအမျိုးမျိုးကို ခံခဲ့ရတယ်။ ဒါပေမဲ့ ကံကောင်းမှုတစ်ခုကို ကြုံတွေ့ပြီး ထိပ်သီးကျွမ်းကျင်သူကြီးရဲ့ အမွေကို ဆက်ခံရရှိခဲ့ချိန်မှာတော့ သူ့ရဲ့ စွမ်းရည်တွေဟာ တဟုန်ထိုး ထိုးတက်သွားခဲ့ရတယ်။ ဒီလိုနဲ့ သူဟာ နဂါးတန်ခိုးရှင်ဖြစ်ပြီး ဒဏ္ဍာရီများစွာနဲ့ အတူ လောကကြီးတစ်ခုလုံးကို တုန်ခါသွားစေခဲ့တော့တယ်။ ဒီစာစဉ်ဟာ ကျင့်ကြံခြင်း/လှုပ်ရှားမှု/စိတ်ကူးယဉ်/ရွှမ်ဟွမ် အမျိုးအစားဖြစ်ပြီး စာစဉ်ရဲ့ မူရင်းနာမည်ကတော့ Everlasting Dragon Emperor ဖြစ်ပါတယ်။ မူရင်းရေးသားသူကတော့ Mu Tong Ting Zhu ပါ။ စာစဉ်ဟာ စလာကတည်းကကို ပျင်းစရာတစ်ချက်မှမကောင်းဘဲ တစ်ခန်းပြီးတစ်ခန်းကို ဆွဲဆောင်အားကောင်းလွန်းပါတယ်။ ဒါကြောင့် မဖတ်ရသေးရင် အခုပဲဖတ်ကြည့်လိုက်ကြပါတော့ ... ။ Mediafire Pdf လင့် fb post လင့်/ vip group (အားလုံးအတွက် လင့်) https://www.facebook.com/105211858130549/posts/105254978126237/ စိတ်ဝင်စားရင် အောက်ကပေ့စ်လေးကို like and follow‌ လုပ်ထားပေးပါဗျ။ https://www.facebook.com/ထာဝရနဂါးတန်ခိုးရှင်-EDE-1052118581...