အခန်း 6
ထာဝရနဂါး တန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ကိုခန့်
အပိုင်း ( 6 ) ကြွယ်ဝချမ်းသာလာခြင်း
လုမင် ဂရုတစိုက်ရှာဖွေပြီးနောက် တောင်တက်လမ်းတစ်ခုကိုတွေ့လိုက်သည်။ထိုလမ်းက ကြမ်းတမ်းပေမယ့် လုမင်ရဲ့ ကျင့်ကြံခြင်းအခြေခံက တက်ရောက်ဖို့လုံလောက်ပါသည်။
လုမင် ပျော်ရွှင်စွာနှင့် လမ်းအတိုင်း တက်သွားလိုက်သည်။ဆယ်မိနစ်ခန့်ကြာပြီးနောက် လုမင် တောင်ထိပ်ကို ရောက်သွားခဲ့သည်။
သဲမြွေသူခိုးတွေဟာ သူတို့ရဲ့ လျို့ဝှတ်လမ်းကို ဘယ်သူမှသိနိုင်မယ်မထင်ထားတာကြောင့် အစောင့်တစ်ယောက်မှရှိမနေပါချေ။ယင်းက သူ့အတွက် ကံကောင်းခြင်းပင်ဖြစ်သည်။
လီမိသားစုကလူတွေကို တိုက်ခိုက်ဖို့ သဲမြွေသူခိုးအားလုံး ထွက်သွားခဲ့ကြသည်လေ။
လီဖန်းရဲ့ ပြောစကားအတိုင်း သဲမြွေသူခိုးခေါင်းဆောင်ရဲ့ အိပ်ခန်းကို လုမင်သွားလိုက်သည်။လီဖန်း ပြောတာသာမှန်ရင် ရတနာတွေက သဲမြွေသူခိုးခေါင်းဆောင်ရဲ့ အိပ်ရာအောက်မှာ ရှိပေလိမ့်မည်။
သဲမြွေသူခိုးခေါင်းဆောင်က သာမန်ကုန်သည်တစ်ဦးအသွင်နှင့် ဖန်ဟိုမြို့ရှိ သူ့မယားဆီလာလေ့ရှိသည်။လီဖန်းက သူ့မိန်းမထံမှ တစ်ဆင့်သိလာခဲ့ခြင်းပင်ဖြစ်သည်။
ခနကြာပြီးနောက် လုမင် သဲမြွေသူခိုး၏ အိပ်ခန်းသို့ ရောက်ရှိသွားခဲ့သည်။အိပ်ရာအောက်ရှိ ကြမ်းခင်းကို လှပ်ဖွင့်လိုက်ပြီးနောက် ကြီးမားတဲ့ သေတ္တာနှစ်လုံးနှင့် သေတ္တာငယ်လေးတစ်လုံးကို မြင်လိုက်ရတော့သည်။
သေတ္တာကြီးနှစ်လုံးထဲမှာ ငွေတုံးတွေအပြည့်ရှိနေပြီး သေတ္တာငယ်လေးထဲမှာတော့ ငွေလက်မှတ်တွေ ရှိနေပါသည်။
လုမင် အလွန်ပျော်ရွှင်သွားသည်။ရေတွက်ဖို့တော့ သူ့မှာ အချိန်မရပေ။ထို့ကြောင့် အားလုံးကို ပါရာဂွန်ဘုရားကျောင်းထဲမှာ ထည့်သိမ်းပြီး လာရာလမ်းအတိုင်း လှည့်ကာ ပြေးထွက်ခဲ့တော့သည်။
တောင်ပေါ်မှ ဆင်းလာပြီးနောက် သူက တစ်စက်ကလေးမှ မရပ်နားပဲ ဖန်ဟိုမြို့ကိုဦးတည်ကာ ပြေးလွှားသွားလိုက်သည်။
တစ်နာရီကြာပြီးနောက် လုမင် လုမိသားစုကို ပြန်ရောက်လာခဲ့သည်။လီပင်းကို နှုတ်ဆက်ပြီးနောက် သူ့အခန်းထဲတန်းပြေးကာ ပါရာဂွန်ဘုရားကျောင်းထဲဝင်ပြီး ရတနာတွေကို ရေတွက်ကြည့်လိုက်သည်။
ရေတွက်ပြီးနောက်မှာတော့ လုမင် အံ့အားသင့်သွားတော့သည်။
ငွေလက်မှတ်က ငွေတေးတစ်သိန်းခန့်ရှိပြီး ငွေတုံးတွေက ငွေတေးသုံးသောင်းခန့်ရှိနေပါသည်။
စုစုပေါင်း ငွေတေး တစ်သိန်းသုံးသောင်းဖြစ်သည်။
နှစ်များတစ်လျှောက် သဲမြွေသူခိုးတွေ ခက်ခဲစွာစုဆောင်းလာခဲ့သမျှ လုမင်ဆီကိုရောက်ကုန်ကြပြီဖြစ်လေသည်။
"ဒီငွေတွေနဲ့ဆိုရင် ငါကျားနဂါးဆေးလုံးတွေအများကြီးဝယ်ပြီး လေ့ကျင့်လို့ရပြီပဲကွ… လုယောက်၊ လုမိသားစုအစည်းအဝေးမှာ မင်းတို့ပါးစပ်တွေ နောက်တစ်ခါမဟနိုင်အောင် ငါလုပ်ပြမယ်… ငါ့ပိုင်ဆိုင်မှုကို ငါပြန်ယူမယ်"
လုမင် လက်သီးဆုပ်ပြီး ခိုင်မာပြတ်သားမှုတွေ ပြည့်နှက်နေတဲ့မျက်လုံးတွေနှင့် ပြောလိုက်သည်။
ထို့နောက် လုမင် ပါရာဂွန်ဘုရားကျောင်းထဲကထွက်ပြီး ဖန်ဟိုမြို့ထဲကို ဦးတည်လိုက်ပါသည်။
ဖန်ဟိုမြို့ထဲမှာ အမျိုးမျိုးသောဆိုင်တွေရှိပြီး လိုချင်တာမှန်သမျှ ရနိုင်သည်။
ဆေးလုံး၊ဝိညာဉ်လက်နက်၊ပစ္စည်းကရိယာဆိုင် စသည်ဖြင့်…
လုမင်က အနက်ရောင်ဝတ်စုံကြီးကို ဝတ်ဆင်ပြီး အနက်ရောင်ခေါင်းဆောင်းကို ဆောင်းထားခဲ့သည်။
ဒီတစ်ခေါက် သူက ကျားနဂါးဆေးလုံးအများကြီးဝယ်ယူမည်ဖြစ်သည်။ထို့ကြောင့် သူဘယ်သူဆိုတာ အခြားသူများမသိစေချင်ပေ။
ဝိညာဉ်ဆေးခန်းမက ဖန်ဟိုမြို့ရှိ ဆေးဆိုင်တွေထဲမှာ အကြီးဆုံးဖြစ်သည်။ဆိုင်က ကြီးမားကျယ်ပြန့်ပြီး အထပ်လေးထပ်ပါသည်။
ပြောစကားများအရ ထိုဆေးခန်းမမှာ ကြီးမားတဲ့ ကျောထောက်နောက်ခံကြီးရှိပြီး ရွှမ်ယွမ်ဓါးဂိုဏ်းကိုမှီခိုထားသည်ဟူ၏။
ဆေးခန်းမထဲကိုဝင်သွားသည်နှင့် မိန်းမပျိုတစ်ဦးရောက်လာကာ ချိုလွင်သောအသံနှင့် ချစ်စဖွယ်ပြုံးကာပြောလိုက်သည်။
"ဒီကဧည့်သည်တော် ဘာများအလိုရှိပါသလဲရှင်"
သူမဟာ ထူးထူးဆန်းဆန်းဝတ်စားတတ်သည့် လူများစွာကိုမြင်ဖူးတာမို့ လုမင်ရဲ့ ပုံစံကိုမြင်လိုက်ပေမယ့် အထူးအဆန်းဖြစ်မနေပါချေ။
ထိုသို့ လျို့ဝှတ်တဲ့ဖောက်သည်တွေနှင့်ဆိုရင် ကြီးမားတဲ့အရောင်းဝယ်ကို ပြုလုပ်နိုင်ကြသည်။
"ကျုပ် ကျားနဂါးဆေးလုံးတွေဝယ်ချင်တယ်… ဘယ်လိုဈေးရှိလဲ"
လုမင် အသံဖျက်ကာပြောလိုက်သည်။သူ့အသံက ပိုကျယ်လာပြီး အသက်သုံးဆယ်အရွယ် လူရွယ်တစ်ဦးရဲ့အသံမျိုးဖြစ်သွားသည်။
"ဧည့်သည်တော်ရှင်… ပထမအဆင့် အဆင့်နိမ့် ကျားနဂါးဆေးလုံးက ငွေတေးတစ်ရာပါ… ပထမအဆင့် အလယ်လတ်တန်းစား ကျားနဂါးဆေးလုံးက ငွေတေးသုံးရာပါ… ပထမအဆင့် အဆင့်မြင့်ဆေးလုံးကတော့ ငွေတေးတစ်ထောင်ပါရှင်… ဧည့်သည်တော် ဘယ်အဆင့်နဲ့ ဘယ်လောက်ယူချင်ပါလဲ"
အရောင်းစာရေးကောင်မလေးက ရှင်းပြပြီးနောက် မေးလိုက်သည်။
ဆေးလုံးတွေကိုလည်း သိုင်းအဆင့်တွေလို အဆင့်ကိုးဆင့်ခွဲထားပြီး တစ်ဆင့်စီကို အဆင့်မြင့်၊အလယ်လတ်အဆင့်နှင့် အဆင့်နိမ့်ဟူ၍ပင်။
"ပထမအဆင့် အဆင့်နိမ့်ဆေးလုံးသုံးဆယ်နဲ့ ပထမအဆင့် အလယ်လတ်တန်းစား ဆေးလုံးသုံးဆယ်ယူမယ်"
လုမင် ပြောလိုက်သည်။
"ဒါက… အများကြီးပဲ"
အရောင်းစာရေးကောင်မလေး တုန်လှုပ်သွားပါသည်။သူမရဲ့ မျက်နှာပေါ်မှာတော့ ပိုမိုလေးစားတဲ့အမူရာတွေ ဖြစ်ပေါ်လာတော့သည်။
"ဧည့်သည်တော်ရှင့်… ဒါက ငွေတေးတစ်သောင်းကျော်နေပြီမို့ ကျွန်မဘာသာကိုင်တွယ်လို့ မရတော့ပါဘူးရှင်… ဧည့်သည်တော် ခနစောင့်ပေးပါဦး… ကျွန်မ ခန်းမသခင်ကို အကြောင်းကြားပေးပါမယ်"
ပြောပြီးတာနှင့် ကောင်မလေးက ခန်းမအနောက်ထက်ကို ဝင်သွားခဲ့ပါသည်။
ခနကြာပြီးနောက် အရောင်းကောင်မလေးပြန်ရောက်လာပြီး ပြောလိုက်သည်။
"ဧည့်သည်တော်ရှင့်… ခန်းမသခင်က ခန်းမအနောက်ကိုလာဖို့ ဖိတ်ခေါ်လိုက်ပါတယ်"
လုမင် ခေါင်းညိမ့်ပြီး ကောင်မလေးအနောက်က လိုက်သွားခဲ့ပါသည်။
ကောင်မလေးက လုမင်ကို လဖက်ရည်တစ်ခွက်နှင့် ဧည့်ခံထားပြီး ပြန်ထွက်သွားတော့သည်။
ခန်းမအနောက်ဘက်က အလွန်ကိုသပ်ရပ်စွာ ပြင်ဆင်ထားသည်။လုမင် လဖက်ရည်သောက်ရင်း ထိုင်နေလိုက်သည်။
ထိုစဉ်မှာပင် မွှေးရနံ့တို့ ကြိုင်လှိုင်စွာနှင့် အသက်နှစ်ဆယ်အရွယ် မိန်းမပျိုတစ်ဦး လမ်းလျှောက်ရင်း ဝင်လာခဲ့ပါသည်။
ထိုမိန်းမပျိုက အနီရောင်ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူမရဲ့ ဖွံ့ထွားသည့် ရင်သားတွေက ကိုယ်ကျပ်ဝတ်စုံအောက်မှ ရုန်းထွက်လာတော့မည့်အလား ထင်ရစေသည်။
သူမရဲ့ခါးက သေးကျဉ်ပြီး စကတ်တိုလေးအောက်မှ ခြေသလုံးသားဖြူဖြူလေးက ထွက်ပေါ်နေပြန်သည်။
ဖြူဖွေးသောအသားရေ၊နီစွေးသောနှုတ်ခမ်း၊ တောက်ပသော မျက်လုံးတို့ဖြင့် အလွန်ဆွဲဆောင်နိုင်စွမ်းရှိသူပင်။
ယင်းက တိုင်းပြည်တွေကိုတောင် ပျက်ဆီးသွားစေနိုင်တဲ့ အလှမျိုးဖြစ်သည်။လုမင်တောင် နှလုံးခုန်မြန်သွားရပြီး သူသက်ပြင်းချလိုက်မိသည်။
"ဒီကဧည့်သည်တော်… ကျွန်မက ဒီဆေးခန်းမသခင် မူလန်ပါ… ရှင်က ပထမအဆင့် အဆင့်နိမ့်ကျားနဂါးဆေးလုံး သုံးဆယ်နဲ့ ပထမအဆင့် အလယ်လတ်တန်းစား ကျားနဂါးဆေးလုံး သုံးဆယ်ဝယ်မယ်လို့ကြားတယ်"
မူလန်က ချိုလွင်တဲ့အသံနှင့်ပြောလိုက်ပါသည်။
လုမင် အသက်ပြင်းပြင်းရှုကာ သူ့ကိုယ်သူတည်ငြိမ်စေပြီးနောက် ပြောလိုက်သည်။
"ဟုတ်တယ်"
"ငွေတေးတစ်သောင်းနဲ့အထက်ဝယ်တဲ့ ဖောက်သည်တွေကို တစ်ဆယ်ရာခိုင်နှုန်း လျှော့ဈေးပေးပါတယ်ရှင်… ဆေးလုံးတွေက အားလုံးပေါင်း ငွေတေးတစ်သောင်းနှစ်ထောင်ကျပါတယ်… တစ်ဆယ်ရာခိုင်နှုန်း လျှော့စေးကြောင့် တစ်သောင်းရှစ်ရာပဲကျသင့်တော့မှာပါ"
မူလန်ရဲ့ လှပတဲ့မျက်လုံးလေးတွေနဲ့အကြည့်က လုမင်အပေါ်ကို ကျရောက်လာခဲ့သည်။
"ခန်းမသခင်ကို ကျေးဇူးပါပဲဗျာ"
လုမင် လက်နှစ်ဖက်ဆုပ်ပြီး ပြောလိုက်သည်။
ထို့နောက် မူလန်က လက်ခုပ်တီးလိုက်တာနှင့် ကောင်မလေးတစ်ယောက်က ကျားနဂါးဆေးလုံး သုံးဆယ်စီထည့်ထားတဲ့ သေတ္တာငယ်လေးနှစ်လုံးနှင့် ဝင်ရောက်လာပါသည်။
လုမင် ငွေတေးတစ်သောင်းရှစ်ရာကိုရေတွက်ပြီး မူလန်ရဲ့လက်ထဲကို ထည့်ပေးလိုက်သည်။
"ခန်းမသခင်မူ… ကျုပ်သွားလိုက်ပါဦးမယ်"
ကျားနဂါးဆေးလုံးတွေကို သိမ်းပြီးနောက် လုမင် မူလန်ကို နှုတ်ဆက်လိုက်သည်။
"ဧည့်သည်တော် ဆေးလုံးလိုအပ်လာရင်လည်း ဒီမှာ တစ်ဆယ်ရာခိုင်နှုန်းလျှော့ဈေးနဲ့ လာဝယ်နိုင်ပါတယ်ရှင်"
မူလန်က ချစ်စဖွယ်ပြုံးရင်းဆိုလိုက်သည်။သူမဆီက မွှေးပျံ့တဲ့ကိုယ်သင်းနံ့က လုမင်ရဲ့နှာခေါင်းကို လာကလူသည်။
မူလန်ရဲ့ ကိုယ်သင်းနံ့က အမှန်ပင် စွဲမက်ဖွယ်ကောင်းတယ်လို့ ဆိုရပေလိမ့်မည်။
"တစ်ကယ်ကို ဆွဲဆောင်တတ်တဲ့ နတ်ဆိုးမလေးပဲ!"
လုမင်ရဲ့နှလုံးသားက ခုန်ပေါက်လာတာမို့ အမြန်နှုတ်ဆက်ကာ လှည့်ထွက်သွားတော့သည်။
ထွက်ခွာသွားတဲ့ လုမင်ရဲ့နောက်ကျောကိုကြည့်ပြီး မူလန်က ပြောလိုက်သည်။
"စိတ်ဝင်စားစရာကောင်းတယ်!"
"ခန်းမသခင်… အဲ့ဒီလူက ထူးထူးခြားခြားဝတ်စားထားပုံကလွဲရင် ဘာရှိလို့လဲ"
ဆေးလာပို့တဲ့ ကောင်မလေးက စိတ်ဝင်စားစွာမေးလိုက်သည်။
မူလန်က အသာပြုံးလိုက်ပြီး
"ရှောင်ရဲ… နင်မသိဘူးလား? သူက လူလတ်ပိုင်းအသွင် အသံကိုဖျက်ပြောထားပေမယ့် တစ်ကယ်တမ်း ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်ဆိုတာ သေချာတယ်… ဖန်ဟိုမြို့တော်က ဆယ်ကျော်သက်တွေထဲမှာ ငွေတေးတစ်သောင်းကျော်ကို အလွယ်ထုတ်သုံးနိုင်တဲ့သူက အများကြီးမရှိနိုင်ဘူး"
"နောက်ပြီး သူ့သွေးကြောက ငါ့ကိုထူးခြားတဲ့ခံစားချက်ကိုပေးနေတယ်… သူ့သွေးကြောက အရမ်းထူးခြားပြီး အစွမ်းထက်ပုံရပေမယ့် မပြည့်စုံသေးဘူး… ဒါက ဖွံ့ဖြိုးနေတုံးပဲဖြစ်ရမယ်… ဒီတော့ စိတ်ဝင်စားစရာမကောင်းဘူးလား"
"အမလေး… ရှင်ပြောသလိုဆိုရင်တော့ တစ်ကယ်စိတ်ဝင်စားစရာပဲ"
ကောင်မလေးက မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။
"ရှောင်ရဲ… အဲဒီလူ နောက်တစ်ခါထပ်လာရင် ငါ့ကိုလာအကြောင်းကြားပါ"
မူလန်က သိချင်စိတ်တွေပြည့်နေတဲ့မျက်လုံးနှင့် ပြောလိုက်သည်။
---------
အပိုင်း ( 7 ) တိုးတက်မှုများ
Comments
Post a Comment