အခန်း 2
ထာဝရနဂါး တန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ကိုခန့်
အပိုင်း ( 2 ) "နဂါးတိုက်ခိုက်ရေးနှင့် အစစ်အမှန်ချီ"
လုချွမ် လက်ပိုက်ပြီး အေးစက်စက်မျက်နှာနှင့် လုမင်ကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။
"မင်အာ…"
လီပင်း တစ်ခုခုပြောချင်သော်လည်း လုမင်တားမြစ်လိုက်သည်။
"အမေ... ကိစ္စမရှ်ိပါဘူး... ကျွန်တော်တို့ သွားကြတာပေါ့"
လုမင်ပြောလိုက်သည်။
"မင်အာ... မင်းရဲ့ ဒဏ်ရာတွေက မကောင်းသေးဘူးလေ... ဒီညအရမ်းအေးနေရင် ဘယ်လိုလုပ်မလဲ!"
လီပင်းက စိုးရိမ်လို့နေပါသည်။
လုမင် ခေါင်းကို ခါယမ်းလိုက်ပြီး
"ကျွန်ဝောာ် အဆင်ပြေပါတယ်အမေ... ထွက်သွားကြမယ်... ဒါပေမယ့် အနှေးနဲ့အမြန် ဒီကိုပြန်လာရလိမ့်မယ်... ဒါက အဖေနဲ့ အမေတို့ လပ်ထပ်ပြီး နေခဲ့ကြတဲ့အိမ်... ဘယ်သူမှ ယူသွားလို့မရနိုင်စေရဘူး"
"အေးပါကွယ်"
လီပင်း သက်ပြင်းချလိုက်ပြီး ချင်ယွဲ့ကို ပစ္စည်းတွေ သိမ်းဆည်းခိုင်းလိုက်တော့သည်။
လုချွမ် လက်ပိုက်ကာ လိုက်လံကြည့်ရှုနေရင်း ရုတ်တရက် သူ့မျက်လုံးတွေက တောက်ပလာပါသည်။
"နေဦး... ဒီဓါးကို ခင်ဗျားတို့ ယူမသွားရဘူး"
လုချွမ် လီပင်းရဲ့အနားကို လျှောက်လာခဲ့ပြီး သူမလက်ထဲမှာ ကိုင်ထားသည့် ဓါးကို ကြည့်လိုက်သည်။
လီပင်းရဲ့ မျက်နှာက ဖြူရော်သွားခဲ့ပြီး ဓါးကို လက်နှစ်ဖက်နှင့်ကိုင်ကာ ပြောလိုက်သည်။
"ဒီဓါးက မင်အာရဲ့အဖေ နောက်ဆုံးချန်ခဲ့တဲ့ပစ္စည်းပါ... ဒါက မင်အာနောက်ကျရင်သုံးဖို့ အတွက်မို့ ဒါလေးကိုတော့ ယူမသွားပါနဲ့"
"အရင်ခေါင်းဆောင်ထားခဲ့ဝာာကို ခင်ဗျားတို့က သိမ်းထားလို့ ရမတဲ့လား... ဒါက လုမိသားစုပိုင်ပစ္စည်းပဲ... ကျုပ်ယူသွားမယ်... နောက်ပြီး လုမင်က ကျင့်ကြံလို့တောင်မရပဲ ဒီဓါးကို ဘယ်နေရာမှာသုံးမှာလဲ?"
လုချွမ် အေးစက်စက်ပြောလိုက်ပြီး သူ့မျက်လုံးတွေက တောက်ပနေခဲ့သည်။ထိုဓါးဟာ သာမန်မဟုပ်သည့် ဝိညာဉ်လက်နက်တစ်ခုဆိုတာ သူမြင်နိုင်သည်လေ။
"မလုပ်ပါနဲ့... လုချွမ်... ငါနင့်ကို တောင်းပန်ပါတယ်"
လီပင်း ဓါးရှည်ကိုဆုပ်ကိုင်ထားရင်း တွန့်ဆုတ်စွာ ပြောလိုက်သည်။
လုချွမ်ရဲ့ မျက်လုံးတွေက အေးစက်သွားခဲ့ပြီး ငေါက်လိုက်သည်။
"ကွာ... သွားစမ်း"
"လုချွမ်!"
လုမင် နီရဲနေသော မျက်လုံးတွေနှင့် ဟိန်းဟောက်လိုက်သည်။
"လုချွမ်... ဒီဓါးကို မင်းယူသွားလို့ရတယ်... ဒါပေမယ့် မင်းမှတ်ထားပါ... အနှေးနဲ့အမြန် မင်းဆီကငါပြန်ယူရလိမ့်မယ်... အဲဒီအခါကျရင် အခုထက် ဆယ်ဆ၊အဆတစ်ရာပြန်ပေးဆပ်ရစေမယ်"
လုမင်ရဲ့ မျက်လုံးတွေက အလွန်အေးစက်ပြီး လုချွမ်ကိုစိုက်ကြည့်လိုက်သည်။
လုမင်ရဲ့ အကြည့်ကြောင့် လုချွမ် တစ်ကိုယ်လုံးအေးစက်သွားသလို ခံစားလိုက်ရသည်။သို့ပေမယ့် သူက ရယ်မောလိုက်ရင်း
"လုမင်း... မင်းရဲ့ သွေးကြောတွေက နိုးထလာဦးမယ်ထင်လို့လား? မင်းက ငါ့ကို ဆယ်ဆ၊အဆတစ်ရာ ပြန်ပေးဆပ်စေချင်တယ်ပေါ့? ဟားဟားဟား... ငါစောင့်နေမယ်"
"အမေ... သူ့ကိုပေးလိုက်ပါ!"
လုမင်ပြောလိုက်သည်။
လုမင်ရဲ့ စိတ်ပိုင်းဖြတ်ထားပုံရတဲ့ မျက်လုံးတွေကြောင့် လီပင်း တွန့်ဆုတ်နေသော်လည်း ဓါးကို လွှတ်ပေးလိုက်တော့သည်။
အားလုံး ထုတ်ပိုးပြီးနောက် လီပင်းက ချင်ယွဲ့နှင့်အတူ အိမ်တော်တံခါးမှ ထွက်ခွာသွားခဲ့ပါသည်။
လုမင် လုမိသားစု အဓိကအိမ်တော်ကို ပြန်လှည့်ကြည့်ပြီး တီးတိုးရေရွှတ်လိုက်သည်။
"တစ်နေ့ ငါပြန်လာခဲ့မယ်"
----------
အရှေ့ပိုင်းတွင် သေးငယ်သော ခြံဝင်းလေးတစ်ခုရှိသည်။မူလက ထိုနေရာတွင် အစေခံအချို့ နေထိုင်ခဲ့ပါသည်။အခန်းသုံးခန်းပါသော ခြံဝင်းလေးပင်။လုမင်တို့သုံးဦးဟာ ထိုနေရာကို ပြောင်းရွှေ့လာခဲ့ရလေသည်။
ညသန်းခေါင်ယံအချိန်မို့ ပတ်ဝန်းကျင်က အလွန်အေးစက်နေသည်။
လုမင် ခြံဝင်းအတွင်းဝယ် လက်သီးဆုပ်ပြီးထိုင်နေပါသည်။
"ခွန်အား... ဒီလောကကြီးထဲမှာ ခွန်အားက အရာရာကို ဆုံးဖြတ်ပေးနိုင်တယ်... ငါ့မှာခွန်အားမရှိလို့ လုယောက်နဲ့ မဟာအကြီးအကဲတွန်းချတာကို ခံရတာ... ငါ့မှာ ခွန်အားမရှ်ိလို့ အိပ်ပေါ်က နှင်ချခံရပြီး အဖေ့ရဲ့ဓါးလည်း သူများနောက်ပါသွားခဲ့ရတယ်"
"ဒီလောကထဲမှာ ခွန်အားမရှိရင် ဘာမှလုပ်လို့မရဘူး... အခု ငါ့သွေးကြော တဖြည်းဖြည်း ပြန်နိုးထလာနေပြီ... မွေးဖွားလာတဲ့ သွေးကြောက အဆင့်နိမ့်နေမယ်ဆိုရင်တောင် ငါကြိုးစားနေသမျှ အခြားသူတွေထက် ပိုသန်မာလာနိုင်တယ်... ငါ့မှာ ခွန်အားရှိလာပြီး ငါချစ်မြတ်နိုးရတဲ့လူတွေကို ကာကွယ်နိုင်ရစေမယ်"
ရုတ်တရက် သူ့အနောက်မှ ခြေသံထွက်ပေါ်လာခဲ့သည်။လီပင်း လုမင်ကို ဝတ်ရုံတစ်ခုခြုံပေးလိုက်ပြီး
"မင်အာ... အပြင်မှာ အရမ်းအေးတယ်လေ... အခန်းထဲဝင်ပြီး နွေးနွေးထွေးထွေးအနားယူပါဦးလားကွယ်"
"အမေလည်း စောစောသွားပြီး အနားယူလိုက်ပါ"
လုမင် အသာပြုံးလိုက်သည်။
လုမင် အခန်းထဲပြန်ဝင်လာခဲ့သော်လည်း သူအိပ်မပျော်ခဲ့ပါချေ။
"ငါ့သွေးကြောက ဘယ်တော့မှ လုံးဝပြန်ကြီးထွားလာမှာပါလိမ့်"
လုမင် ခနစဉ်းစားပြီး သူ့ကျောရိုးကို အာရုံစိုက်လိုက်သည်။
ပြန်လည်နိုးထလာသည့် သွေးကြော၏ အခြေအနေကို သူသိချင်မိပါသည်။
ဒီတစ်ကြိမ်တွင် သူ့ကျောရိုးမှ ယားယံမှုနှင့်အတူ အနီရောင်အလင်းတစ်ခုကို ပစ်လွှတ်လာခဲ့သည်။ထိုအနီရောင်အလင်းက လက်တစ်ချောင်းစာခန့်ရှိပြီး ပိုးကောင်လေးတစ်ကောင်အလားပင်။
သို့သော် ယင်းက အစစ်အမှန် မဟုပ်သေးပါချေ။
"ငါ့သွေးကြောက အပြည့်အဝမနိုးထသေးဘူးဆိုတော့ လိုနေသေးတာပေါ့?"
လုမင် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။
ယေဘူယျအားဖြင့် အပြည့်အဝနိုးထလာသော သွေးကြောကိုသာ တွေ့မြင်နိုင်ပါသည်။
"ထားပါ... ဒါက ပေါ်လာနေပြီဆိုမှတော့ ပုံမှန်သွေးကြောတွေလို ကျင့်ကြံလို့ရပြီလားမသိဘူး... စမ်းကြည့်ရအောင်"
စဉ်းစားပြီးနောက် လုမင် လုမိသားစုတွင် လူသိအများဆုံး အခြေကျင့်ကြံခြင်း "ချီ"ပညာရပ်ကို လေ့ကျင့်လိုက်သည်။
ခနတွင်းမှာပင် လေထဲရှ်ိ ဝိညာဉ်ချီတွေဟာ လုမင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့တော့သည်။
"ဒီ ဝိညာဉ်ချီ စုပ်ယူနှုန်းက အဆင့်နှစ်သွေးကြောနဲ့တောင် နှိုင်းယှဉ်နိုင်တာပဲ"
လုမင် အလွန်ပျော်ရွှင်သွားခဲ့သည်။
သိုင်းပညာရှင်ကို သာမန်သိုင်းပညာရှင်နှင့် သွေးကြောသိုင်းပညာရှင်ဟူ၍ ခွဲခြားထားသည်။
သာမန်သိုင်းပညာရှင်တွေဟာ သွေးကြောသိုင်းပညာရှင်တွေကို မယှဉ်နိုင်ပေ။သွေးကြောသိုင်းပညာရှင်တွေဟာ ခန္ဓာကိုယ်ထဲရှိ သွေးကြောတွေကို နိုးထနိုင်သည်။ယင်းက တစ်ဦး၏ တိုက်ခိုက်နိုင်စွမ်းကို တိုးတက်စေနိုင်ရုံသာမက ကျင့်ကြံရာမှာလည်း သာမန်ထက် အဆများစွာပိုမြန်စေပါသည်။
သို့သော် သွေးကြောသိုင်းပညာရှင်ဟာ အလွန်ရှားပါး၍ သွေးကြောကလည်း လူတိုင်းမနိုးထနိုင်ပါချေ။
သို့သော်လည်း လက်ရှိ လုမင်၏ သွေးကြောဟာ အပြည့်အဝမနိုးထခင်ကပင် ဒုတိအဆင့် သွေးကြောနှင့် နှိုင်းယှဉ်နေနိုင်ပါသည်။အကယ်၍ အပြည့်အဝ နိုးထလာခဲ့လျှင်ရော? ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ?
လုမင် စိတ်လှုပ်ရှားနေခဲ့သည်။
ဝိညာဉ်ချီတွေဟာ လုမင်၏ ခန္ဓာကိုယ်ထဲသို့ ဆက်လက်စီးဝင်နေဆဲပင်။
တစ်နာရီခန့်ကြာပြီးနောက် လုမင် မျက်လုံးပြန်ဖွင့်လိုက်သည်။တစ်နာရီခန့် လေ့ကျင့်ပြီးနောက် သူ့ရဲ့ ဒဏ်ရာအနည်းငယ် ပျောက်ကင်းလာခဲ့သည်။ ထို့အပြင် အားနည်းနေသည့် သူ့ခန္ဓာကိုယ်ပင် အနည်းငယ် ပိုကောင်းမွန်လာသည်ဟု ခံစားလိုက်ရသည်။
"ဒီအတိုင်းဆိုရင် ရက်အနည်းငယ်အတွင်းမှာပဲ ငါ့ဒဏ်ရာတွေ ပျောက်ကင်းသွားပြီး ငါ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပြန်အားပြည့်လာလိမ့်မယ်... တစ်ချိန်ထဲမှာပဲ ငါ့ရဲ့ကျင့်ကြံခြင်းကလည်း တိုးတက်လာတော့မှာပဲ"
လုမင် တွေးရင်း သူ့လည်ပင်းကို ပြန်စမ်းကြည့်လိုက်သည်။လက်ရှိတွင် ပိုးကြိုးသာရှိနေခဲ့၍ ကြေးဆွဲပြားကတော့ မရှိတော့ပါချေ။
"ငါ့သွေးကြော ပြန်မွေးဖွားလာတာက ဒီကြေးဆွဲပြားနဲ့ဆိုင်လောက်တယ်... နောက်ပြီး ဒီကြေးဆွဲပြားက ငါ့မျက်ခုံးနှစ်ခုကြား ပြေးဝင်သွားပြီး ဒါက ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေမလဲမသိသေးဘူး"
လုမင် တွေးရင်း သူ့မျက်ခုံးနှစ်ခုကြားကို အာရုံစိုက်ကြည့်လိုက်သည်။
သူ့အသိစိတ်က မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားတာနှင့် ရေဝဲတစ်ခုဖြစ်ပေါ်လာတာကို မြင်လိုက်ရသည်။
ထိုရေဝဲက လုမင်၏ ခန္ဓာကိုယ်ကိုယ်ဖုံးလွှမ်းနိုင်သည်အထိ ကြီးထွားလာခဲ့တော့သည်။
ယင်းနောက် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသလို ခံစားလိုက်ရ၍ လုမင် အခြားနေရာတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
လုမင် အံ့အားသင့်စွာနှင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
ဒီအခိုက်အတန့်တွင် သူဟာ လျှောက်လမ်းကြီးတစ်ခုအပေါ်တွင် ရပ်နေခဲ့ခြင်းပင်။ လျှောက်လမ်းကြီးဟာ ဆယ်မီတာခန့်ရှည်ပြီး ကျယ်ပြန့်သည်။
ဦးတည်ချက်ကတော့ တစ်ခုထဲသာရှိသည်။အဆုံးတွင်ကျောက်လှေကားကြီးဖြစ်၍ အပေါ်သို့ ဦးတည်နေကာ လှေကားထစ်ပေါင်း ကိုးဆယ့်ကိုးခုရှိပါသည်။
ကျောက်လှေကား ကိုးဆယ့်ကိုးခုပြီးလျှင် နောက်ထပ် လျှောက်လှမ်းနှင့် ကျောက်လှေကားများ ရှိနေပါသေး၏။
အလွှာတွေအလွှာတွေ ဘယ်လောက်ရှိသည်ဆိုတာ သူမသိပေ။သို့ပေမယ့် ကျောက်လှေကားနှင့် လျှောက်လမ်း၏ထိပ်ဆုံးတွင် နန်းတော်ကြီးတစ်ခုရှိနေပါသည်။
ယင်းက အလွန်ဝေးကွာလွန်းသောကြောင့် လုမင်အနေနှင့် သေချာတောင်မမြင်နိုင်ပါချေ။နန်းတော်တံခါးပွင့်နေသည်ကိုတော့ သူသိသည်။နန်းတော်အရှေ့တွင် ထိုင်နေပုံရသည့် ပုံရိပ်တစ်ခုကိုလည်း ဝေဝါးစွာ မြင်နေရ၍ နန်းတော်အတွင်းမှ ရုတ်တရက် ထူးခြားသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုအသံကို ကြားလိုက်ရပြီးနောက် လုမင်ဟာ စွမ်းအင်တွေပြည့်ဝနေပြီး သူ့ခန္ဓာကိုယ်နှင့် စိတ်က ကြည်လင်လာသလို ခံစားလိုက်ရသည်။
"ဘာတွေဖြစ်နေတာလဲ... ငါဒီကို ဘယ်လိုရောက်လာတာပါလိမ့်... ဒါကြီးကရော ဘာလဲ... အဲ... ဟိုကျောက်စားပွဲပေါ်မှာ အနက်ရောင်သံသေတ္တာလေးတစ်လုံးပါလား"
လျှောက်လမ်း၏တစ်ဖက်တွင် ကျောက်စားပွဲတစ်လုံးနှင့် သေတ္တာတစ်လုံး ရှိနေသည်။
ကျောက်ပြားပေါ်တွင် စာလုံးကြီးလေးလုံးကို ရေးသားထား၏။
"ပါရဂွန် ဘုရားကျောင်း"
ယင်းစကားလုံးတွေအပြင် အခြားဘာမှမရှ်ိပါချေ။
ယင်းနောက် လုမင် အနက်ရောင်သံသေတ္တာလေးကို အာရုံစိုက်လိုက်သည်။
သေတ္တာလေးက မကြီးပါချေ။မီတာဝက်ခန့် ကျယ်ပြန့်၍ တစ်မီတာခန့်သာ အရှည်ရှိသည်။
လုမင် သေတ္တာလေးကို ဖွင့်လိုက်ပြီးနောက် စာအုပ်သုံးအုပ်နှင့် ကျောက်စိမ်းပုလင်းလေးတစ်ခုကို မြင်လိုက်ရပါသည်။
ကျောက်စိမ်းပုလင်းတွင် စာလုံးသုံးလုံးကို ရေးသားထား၏; ရိုးတွင်းခြင်ဆီသန့်စင်ဆေး...
"ရိုးတွင်းခြင်ဆီ သန့်စင်ဆေး? တစ်ကယ်ပဲ ရိုးတွင်းခြင်ဆီသန့်စင်ဆေးလား?"
လုမင် အလွန်ပျော်ရွှင်သွား၍ ကျောက်စိမ်းပုလင်းအဖုံးကို အမြန်ဖွင့်လိုက်သည်။ရုတ်တရက် သန်မာသော ဆေးရနံ့က ထွက်ပေါ်လာတော့သည်။ကျောက်စိမ်းပုလင်းထဲတွင် အနီရောင်ဆေးတစ်လုံးရှိနေ၍ လက်တစ်ချောင်းခန့်အရွယ်အစားရှိကာ ကြည်လင်နေလေ၏။
ရိုးတွင်းခြင်ဆီသန့်စင်ဆေးဟာ ဒဏ္ဍာရီတွေအရ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွင်းရှိ ရိုးတွင်းခြင်ဆီတွေကို သန့်စင်ပေးနိုင်၍ သိုင်းသမား၏ ရုပ်ပိုင်းဆိုင်ရာကို ပိုမိုများစွာပိုအားကောင်းလာစေနိုင်သည်။ထိုဆေးလုံးက အလွန်ရှားပါး၍ တွေ့ရခဲလှသည်။
"ဒီဆေးလုံးနဲ့ဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ပိတ်ဆို့နေတဲ့ သွေးကြောတွေက ပိုကောင်းလာတော့မှာပဲ"
လုမင် အလွန်စိတ်လှုပ်ရှား၍ သူ့နှလုံးသားက ပူလောင်လာတော့သည်။
အသက်ပြင်းပြင်းရှုကာ ကျောက်စိမ်းပုလင်းကို အဖုံးပြန်ပိတ်၍ စာအုပ်သုံးအုပ်ကို ယူကြည့်လိုက်သည်။
ယင်းက ကျင့်ကြံခြင်းပညာရပ်နှင့် သိုင်းကျင့်စဉ်သုံးခုပင်။
"နဂါးတိုက်ခိုက်ရေးနှင့် အစစ်အမှန်ချီ"
"မီးနဂါးလက်သီး"
"မြွေနဂါးခြေလှမ်း"
လုမင် အရင်ဆုံး ""နဂါးတိုက်ခိုက်ရေးနှင့် အစစ်အမှန်ချီ"ကို ဖွင့်ဖတ်လိုက်သည်။
"နဂါးတိုက်ခိုက်ရေးနှင့် အစစ်အမှန်ချီ"ဟာ ကျင့်ကြံခြင်းတွင် ထိပ်တန်းအဆင့်ဖြစ်သည့် နတ်ဘုရားအဆင့်ကျင့်ကြံခြင်းပညာရပ်တစ်ခုဖြစ်၍ နဂါးတစ်ကောင်အလား တိုက်ခိုက်နိုင်စွမ်းကို ရရှိနိုင်သည်။
"နတ်… နတ်ဘုရားအဆင့်?"
လုမင်၏ မျက်လုံးတွေ ပြူးကျယ်သွားဝောာ့သည်။
ကျင့်ကြံခြင်းပညာရပ်နှင့် သိုင်းပညာရပ်တွေကို အဆင့်ငါးဆင့်ခွဲထားသည်; ကောင်းကင်၊ကမ္ဘာမြေ၊အနက်ရောင်၊အဝါရောင်နှင့် ရိလန်ဟူ၏။
အဆင့်တစ်ခုစီတွင် အဆင့်ငယ်နှစ်ဆင့်ပြန်ခွဲထားသည်။
ကောင်းကင်အဆင့်ဟာ အမြင့်ဆုံးဖြစ်၍ ရိလန်က အနိမ့်ဆုံးဖြစ်သည်။
သို့သော် ကောင်းကင်အဆင့်၏ အထက်တွင် နတ်ဘုရားအဆင့်ဟူ၍ အခြားအဆင့်တစ်ခု ရှိနေပါသေး၏။
သို့ပေမယ့် နတ်ဘုရားအဆင့်ဟာ ဒဏ္ဍာရီတစ်ခုဖြစ်၍ လုမင်အနေနှင့် နတ်ဘုရားအဆင့် ကျင့်ကြံခြင်းပညာရပ်နှင့် သိုင်းကျင့်စဉ်ကို မကြားဖူးခဲ့ပါချေ။
သူသိသလောက်တွင် လုမိသားစု၏ အမြင့်ဆုံးအဆင့် ကျင့်ကြံခြင်းပညာရပ်ကတောင် အဝါရောင်ထိပ်တန်းအဆင့်သာ ရှိသေးသည်။
သို့သော် လက်ရှိအချိန် လုမင်အရှေ့တွင် နတ်ဘုရားအဆင့် ကျင့်ကြံခြင်းပညာရပ်တစ်ခု ရှိနေပေသည်။ လုမင် မအံ့ဩပဲ အဘယ်သို့ နေလိမ့်မည်နည်း?
"နဂါးတိုက်ခိုက်ရေးနှင့် အစစ်အမှန်ချီပညာရပ်"၏ ပထမအဆင့်ဟာ တင်းမိန်အဆင့်အထိသာ ကျင့်ကြံနိုင်သည်။နောက်တစ်ဆင့်ကို ကျင့်ကြံခြင်လျှင် သိုင်းသမား၏ ကျင့်ကြံခြင်းနယ်ပယ်ကို နောက်တစ်ဆင့်သို့ ချိုးဖောက်ရန်လိုအပ်သည်။
ကျင့်ကြံခြင်းပညာရပ်၏ ဒုတိယအလွှာဟာ လှေကားကိုးဆယ့်ကိုးခုမြောက် ဒုတိယလျှောက်လမ်းတွင်သာ ရှိနေပါသည်။
လုမင် စာအုပ်၏ နောက်ဆုံးစာမျက်နှာကိုလှန်ကြည့်လိုက်သည်။ယင်းတွင် စာကြောင်းအနည်းငယ် ရေးသားထား၏။
'သင်ဟာ ဒုတိယအလွှာရှိ "အစစ်အမှန်နဂါးတိုက်ခိုက်ရေး ပညာရပ်"ကို ကျင့်ကြံချင်ရင် နတ်ဘုရားအဆင့်သွေးကြောသုံးခုကို ဖွင့်လှစ်ဖို့ လိုအပ်တယ်။ နတ်ဘုရားသွေးကြောသုံးခုကို မဖွင့်နိုင်ခင် ဒုတိယအလွှာကို ကျင့်ကြံရင် သွေးကြောပေါက်ကွဲပြီး သေရလိမ့်မယ်။'
လုမင် အသက်ပြင်းပြင်းရှုလိုက်မိသည်။သည်လိုအပ်ချက်က အလွန်မြင့်မားပါ၏။
သိုင်းပညာရှင်တွေ၏ ကျင့်ကြံခြင်းနယ်ပယ်ကို တင်းမိန်၊သိုင်းစစ်သည်၊သိုင်းသခင်၊ သိုင်းဆရာသခင်၊ သိုင်းဘိုးဘေး၊ သိုင်းဘုရင် ဟူ၍ ခွဲခြားထားသည်။
(တင်းမိန်ကို သွေးကြောဖွင့်ခြင်းအဆင့်ဟုလည်း ခေါ်သည်။)
တင်းမိန်ဟာ သိုင်းကျင့်ကြံခြင်းတွင် အခြေခံအကျဆုံးနှင့် အလွယ်ကူဆုံးပင်။
လူတစ်ယောက်တွင် သွေးကြောကိုးခုနှင့် အပ်စိုက်မှတ် ရှစ်ဆယ့်တစ်ခုရှိသည်။
ပထမသွေးကြောသုံးခုဟာ လူသားသွေးကြောဖြစ်သည်။အလယ်သုံးခုဟာ ကမ္ဘာမြေသွေးကြောဖြစ်၍ နောက်ဆုံးသုံးခုကို ကောင်းကင်သွေးကြောဟုခေါ်သည်။
သိုင်းသမားတစ်ဦးအနေနှင့် ကောင်းကင်၊ ကမ္ဘာမြေနှင့်လူသားဟူသည့် သွေးကြောကိုးခုကို ဖွင့်လှစ်နိုင်တာနှင့် နောက်နယ်ပယ်တစ်ခုကိုချိုးဖောက်၍ သိုင်းစစ်သည်အဖြစ်နှင့် စစ်မှန်သည့် သိုင်းပညာရှင်ဖြစ်လာပေလိမ့်မည်။
သို့ပေမယ့် သွေးကြောကိုးခု၏အထက်တွင် နတ်ဘုရားသွေးကြောဟုခေါ်သည့် သွေးကြောသုံးခုရှိနေသေးသည်။
သို့သော် နတ်ဘုရားသွေးကြောကို ဖွင့်လှစ်နိုင်သူကား အလွန်ရှားပါး၏။
"နတ်ဘုရားအဆင့် သိုင်းပညာရပ်အတွက် နတ်ဘုရားသွေးကြောသုံးခုကို ငါချိုးဖောက်ရမယ်"
လုမင် လက်သီးဆုပ်လိုက်မိသည်။
အခြားစာအုပ်နှစ်အုပ်တွင် တစ်ခုက အဝါရောင်အဆင့် လက်သီးသိုင်းဖြစ်၍ အခြားတစ်ခုက အဝါရောင်အဆင့် ကိုယ်ဖော့သိုင်းတစ်ခုပင်။
ယင်းက အဝါရောင်အဆင့် သိုင်းပညာဆိုပေမယ့် လုမိသားစုဝင်တိုင်း မကျင့်ကြံနိုင်ပါချေ။
စာအုပ်တွေကို ပြန်ချပြီးနောက် လုမင် ရိုးတွင်းခြင်ဆီသန့်စင်ဆေးကို ပုလင်းထဲမှထုတ်ယူ၍ သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။
သန်မာသည့် ဆေးစွမ်းအင်တွေက သူ့ခန္ဓာကိုယ်အတွင်းမှာ ပျော်ဝင်သွားခဲ့ပြီး လုမင်၏ အရိုး၊ကြွက်သား၊သွေးကြော၊ ကိုယ်တွင်းအင်္ဂါအားလုံးကို သန့်စင်လာခဲ့ပါသည်။
လုမင်ရဲ့ ခန္ဓာကိုယ်အတွင်းမှ ဖျိုးဖျိုးဖျစ်ဖျစ် မြည်သံတွေနှင့်အတူ သူ့တစ်ကိုယ်လုံး ပူလောင်လာ၍ အနက်ရောင်အညစ်အကြေးများ ထွက်ပေါ်လာခဲ့ပါသည်။
သူ့ခန္ဓာကိုယ်က ပိုမိုသန်မာလာနေပြီး မူလက အားနည်းနေသည့် သွေးကြောဟာလည်း ပိုမိုထင်ရှားလာခဲ့တော့သည်။
----------
အပိုင်း ( 3 ) ချီသန့်စင်ခြင်း
Comments
Post a Comment