အကျဉ်းချုပ်၊ အခန်း 1
မူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် )
အဓိကဇာတ်ကောင် - လုမင်
အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ်
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသုံးမကျသူအဖြစ် အရှက်ခွဲမှုအမျိုးမျိုးကို ခံခဲ့ရတယ်…
ဒါပေမယ့် ကံကောင်းမှုတစ်ခုကိုကြုံတွေ့ပြီး ထိပ်သီးကျွမ်းကျင်သူကြီးရဲ့အမွေကို ဆက်ခံရရှိခဲ့ချိန်မှာတော့…
သူ့ရဲ့စွမ်းရည်တွေဟာ တဟုန်ထိုး ထိုးတက်သွားခဲ့ရတယ်။
သူဟာ နဂါးတန်ခိုးရှင်ဖြစ်ပြီး ဒဏ္ဍာရီများစွာနဲ့အတူ လောကကြီးတစ်ခုလုံးကို တုန်ခါသွားစေခဲ့တော့တယ်။
--------
အပိုင်း ( 1 ) သွေးကြော ပြန်လည်မွေးဖွားခြင်း
နေဝင်ချိန်…
ဖန်ဟိုမြို့အပြင်ဘက်ရှ်ိ ချီယွမ်တောင်ထိပ်တွင် ကျောက်တုံးစားပွဲတစ်လုံးရှိနေပါသည်။စားပွဲဘေးမှာဝောာ့ ကျောက်ခုံတန်းလေးရှိပြီး လူငယ်လေးတစ်ဦးနှင့် မိန်းမငယ်လေးတစ်ဦးဟာ ပူးကပ်စွာ ထိုင်နေခဲ့ကြသည်။
လူငယ်လေးက ပိန်ပိန်ပါးပါးနှင့် သူ့မျက်နှာက ဖြူဖျော့နေပါသည်။မိန်းမပျိုကတော့ နှင်းဖြူလို စကတ်ရှည်ကို ဝတ်ဆင်ထားခဲ့သည်။ သူမရဲ့ အသားအရေက ကျောက်စိမ်းကဲ့သို့ ချောမွေ့ ကြည်လင်ကာ လှပသူတစ်ဦးဖြစ်သည်။
မိန်းမပျိုလေးရဲ့ ခေါင်းက လူငယ်ရဲ့ပုခုံးပေါ်မှာ မှီထားခဲ့ပါသည်။သူတို့နှစ်ဦးကား ညနေခင်းအလင်းရောင်အောက်မှာ ကြည်နူးဖွယ်မြင်ကွင်းတစ်ခုကို ဖန်တီးနေလေ၏။
"ယောက်အာ... ငါဒီလို အမြဲနေသွားချင်မိတယ်"
လူငယ်လေးက ပြုံးရင်း ညင်သာစွာပြောလိုက်ပါသည်။
"အကိုမင်ကလည်း... ညီမတို့ အမြဲအတူတူနေကြမယ်လို့ ပြောထားတယ်လေ"
မိန်းမပျိုက ချစ်စဖွယ်ပြုံးရင်း ပြန်ပြောလိုက်သည်။
လူငယ်လေးက လုမင်ဖြစ်၍ မိန်းမပျိုကား လုယောက်ပင်...
လုယောက်ရဲ့ ပြုံးရွှင်နေတဲ့ မျက်နှာလေးကိုကြည့်ရင်း လုမင်းရဲ့ အကြည့်တွေက နူးညံ့ကာသွားသည်။သူက သူမရဲ့ လက်ကလေးကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။
"ယောက်အာ... ငါ့ရဲ့သွေးကြောတွေက ပိတ်ဆို့နေလို့ ငါအစစ်အမှန်စွမ်းအင်ကို မထုတ်ဖော်နိုင်သေးပေမယ့် အနှေးနဲ့အမြန် ငါ့သွေးကြောတွေ ပြန်ကောင်းလာမှာပါ... အကြီးအကဲတွေ ဆေးဝယ်ပေးလို့ ငါ့သွေးကြောတွေ ပြန်ရှင်းလင်းသွားတာနဲ့ ငါပြန်လေ့ကျင့်နိုင်လာမှာလေ"
"ငါ သန်မာတဲ့ သိုင်းသမားတစ်ယောက်ဖြစ်လာစေရမယ်... ပြီးရင် မင်းကို အမြဲကာကွယ်သွားမယ်"
"ကျေးဇူးတင်ပါတယ် အကိုမင်"
လုယောက်ရဲ့ မျက်လုံးတွေက အလင်းရောင်တစ်ချက်လက်သွားပြီး
"အကိုမင်... ရှင့်အဖေရဲ့ သွေးမျိုးဆက်ကို ရှင်က ဆက်ခံထားနိုင်လားဟင်"
"အင်းပေါ့... ယောက်အာ... နောင်ကျရင် မင်းရဲ့ကောင်လေးက သန်မာတဲ့လူကြီးဖြစ်လာမှာလေ"
လုမင် ကြည်လင်စွာပြုံးလိုက်သည်။
လုယောက် ပြုံးလိုက်ပြီး ကျောက်စားပွဲပေါ်ရှ်ိ ဝိုင်ခွက်ကို ယူလိုက်ပါသည်။ထိုဝိုင်က ကျော်ကြားသည့် သွေးလျှာသစ်ခွဝိုင်ဖြစ်ပြီး သင်းပျံ့သောရနံ့ရှိသည်။
လုယောက်က လုမင်းရဲ့ပါးကို တစ်ချက်နမ်းလိုက်ပြီး ရှက်သွားဟန်နဲ့ မျက်လွှာချကာ ဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး
"အကိုမင်အတွက် ယောက်အာ ဆုပေးတာ"
လုမင် ဝိုင်ခွက်ကို ယူပြီး ပြောလိုက်သည်။
"ယောက်အာ... မင်းက ငါ့ကို သွေးလျှာသစ်ခွဝိုင်ကို နေ့တိုင်း တစ်ခွက်စီတိုက်တယ်... မင်းကို ငါ့အနားမှာဝောာင် အမြဲထားချင်လာပြီ"
ပြောပြီးသည်နှင့် သူ ဝိုင်ကို အကုန်သောက်ပစ်လိုက်သည်။
သူ့လျှာမှတစ်ဆင့် ဝိုင်ရဲ့ ချိုမြိန်မှုကို နှလုံးသားထဲထိခံစားလိုက်ရသည်။သို့ပေမယ့် ဒီအခိုက်အတန့်မှာပဲ သူ့အနည်းငယ် မူးဝေမှုကို ခံစားလိုက်ရသည်။
"ယောက်အာ... ငါဘာလို့ နဲနဲမူးလာတာလဲ... မင်းရဲ့ဝိုင်က"
လုမင် ကျောက်စားပွဲကို လက်နှစ်ဖက်နှင့်ကိုင်ကာ အားပြုပြီးနောက် လုယောက်ကို လှည့်ကြည့်လိုက်မိသည်။သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ယောက်အာရဲ့မျက်နှာက အနည်းငယ်အေးစက်လို့နေတော့သည်။
"ဟားဟားဟား... လုမင်၊ ယောက်အာက မင်းနဲ့ သုံးနှစ်တိတိ နေပေးပြီးပြီပဲ လေ... အခုကတော့ မင်းရဲ့သွေးမျိုးဆက်( သွေးကြော)ကို လွှဲပြောင်းရမယ့်အချိန်ပဲ"
ဒီအချိန်မှာပဲ သတ်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးရောက်လာခဲ့သည်။သူကတော့ လုယောက်ရဲ့ ဖခင်ပင်တည်း။
ရုတ်တရက် လုမင်ရဲ့ စိတ်ထဲမှာ မိုးကြိုးပစ်ခွင်းလိုက်သလို ခံစားလိုက်ရသည်။
"ယောက်အာ!"
လုမင် လုယောက်ကို မယုံကြည်နိုင်ဟန်နှင့် လှည့်ကြည့်လိုက်သည်။သို့ပေမယ့် လုယောက်ရဲ့ မျက်လုံးတွေက လျစ်လျူရှုမှုတွေနှင့် ပြည့်နှက်နေခဲ့ပါသည်။
"ဘာကြောင့်လဲ? ငါမင်းကို အရမ်းချစ်ခဲ့ပါတယ်ကွ!"
လုယောက်ရဲ့ လျစ်လျူရှုတဲ့ မျက်လုံးတွေက စူးရှတဲ့ဓါးတစ်လက်အလား လုယောင်ရဲ့ နှလုံးသားကို ထိုးဖောက်သွားခဲ့သည်။လုမင် အော်ဟစ်ရင်း လုယောက်ကို လက်သီးနဲ့ထိုးချလိုက်သည်။
သို့ပေမယ့် လုယောက်က အနောက်ကို အနည်းငယ်ဆုတ်ပေးလိုက်လေသည်။ရလဒ်ကား လုမင် မြေပေါ်ကို လဲကျသွားခြင်းပင်တည်း။
"ရွှမ်ယွမ်ဓါးဂိုဏ်းက သွမ့်မုလင်းဆိုရင် အသက် ခြောက်နှစ်မှာ စတင်ကျင့်ကြံပြီး နှစ်တစ်ဝက်အကြာမှာပဲ နတ်ဘုရားသွေးကြောနှစ်ခုကို ဖွင့်လှစ်လိုက်နိုင်တယ်... အသက်ကိုးနှစ်မှာ သိုင်းစစ်သည်နယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့ပြီး အခု သူ့အသက်ဆယ့်ခြောက်နှစ်မှာ သိုင်းသခင်နယ်ပယ်ကိုရောက်နေပြီ... သူက ရွှမ်ယွမ်ဓါးဂိုဏ်းမှာဆိုရင်တောင် ထိပ်တန်းပါရမီရှင်လေးဦးထဲက တစ်ဦးပဲ... ရှင်ကတော့ သွေးကြောတွေတောင် ပိတ်ဆို့နေလိုက်သေးတယ်... တစ်ကယ်လို့ ရှင့်ရဲ့ သွေးမျိုးဆက် နိုးထလာမယ်ဆိုရင်တောင် အမှိုက်ဖြစ်နေဦးမှာပဲ... ရှင့်လိုလူက သွမ့်မုလင်းနဲ့ ဘယ်လိုနှိုင်းယှဉ်နိုင်မှာလဲ?"
"ဒီလိုပါရမီရှင်မျိုးကမှ လုယောက်အတွက် သင့်တော်ပါလိမ့်မယ်... ရှင် ကျွန်မကို လက်ထပ်ချင်ရင် အစွမ်းထက်သွေးမျိုးဆက်ကို နိုးထနိုင်မှရမယ်... ရှင် ကျွန်မကို အရမ်းချစ်တယ်ဆိုရင် နင့်သွေးမျိုးဆက်ကိုသုံးပြီး ကျွန်ကို ပိုပြီးအစွမ်းထက်တဲ့ သွေးမျိုးဆက်နိုးထလာနိုင်ဖို့ ကူညီပေးပေါ့"
လုယောက် မရင်းနှီးသော ဟန်ပန်တစ်ခုနှင့် ပြောလိုက်သည်။
ဒီအချိန်မှာပဲ သတ်လတ်ပိုင်းလူကြီးတစ်ယောက် လုမင်ရဲ့အနောက်က ထွက်လာပြီး ဓါးတစ်လက်ကိုကိုင်ကာ ပြောလိုက်တော့သည်။
"လုမင်... မင်းရဲ့သွေးမျိုးဆက်ကို ပေးလိုက်တော့"
အား!
ကျောရိုးမှ ပြင်းထန်တဲ့ နာကျင်မှုကြောင့် လုမင် ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။သူ့အသံထဲတွင် နာကျည်းမှု၊စိတ်ပျက်အားငယ်မှုတွေ ပြည့်နှက်နေတော့၏။
တဖြည်းဖြည်းနှင့်... လုမင် အဆုံးမဲ့ အမှောင်ထုထဲကို ကျရောက်သွားသလို ခံစားလိုက်ရတော့သည်။
"လုယောက်... ငါနင့်ကို တစ်ကယ်ချစ်ဝာာပါ... ငါ့ကိုဘာလို့ နာကျင်စေရတာလဲ!"
လုမင် ကျယ်လောင်စွာ ဟိန်းဟောက်ပြီး အိပ်ရာထဲတွင် ရုတ်တရက်ထထိုင်လိုက်သည်။
လုမင်ရဲ့ နဖူးတွင် ချွေးတွေသီးနေလေ၏။သူ အိပ်မက်တစ်ခု မက်ခဲ့ပုံပင်။
မဟုပ်ပေ... ယင်းက အိပ်မက်မဟုပ်ပါချေ... ဒါက ဘယ်လိုလုပ် အိပ်မက်ဖြစ်နိုင်မှာလဲ... ယင်းက လွန်ခဲ့သည့် သုံးရက်ခန့်က ဖြစ်ပျက်ခဲ့သည့်အရာပင်။
လုမင်က အဓိကလုမိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး သူ့ဖခင်က လုမိသားစုခေါင်းဆောင်တစ်ယောက်ဖြစ်သည်။လုယောက်ကား လုမိသားစု မဟာအကြီးအကဲရဲ့ သမီးတစ်ယောက်ပင်။
သူတို့နှစ်ဦးက အတူ ကြီးပြင်းလာခဲ့ကြပြီး ခွဲခွာမရနိုင်သူတွေလို့တောင် ပြောလို့ရသည်။သူတို့ဟာ တစ်ဦးကိုတစ်ဦး မေတ္တာသက်ဝင်ခဲ့ကြပြီး အမြဲအတူနေကြဖို့ရာပင် တိတ်တဆိတ်ကျိန်ဆိုပြီးချေပြီ။
လုမင်ဟာ လုယောက်နှင့် မဟာအကြီးအကဲက သူ့ကိုတိုက်ခိုက်ပြီး သွေးမျိုးဆက်ကို လုယူသွားလိမ့်မယ်လို့ တစ်ခါမှ တွေးမထားခဲ့ဖူးပါချေ။
"ခွန်အား... ဒါက ငါ့မှာ ခွန်အားမရှိလို့ဖြစ်ရတာ... ငါ့မှာသာ သာမန်မဟုပ်တဲ့ ပါရမီနဲ့ ခွန်အားရှိရင် ဒီလိုမျိုး ငါ့ကို ဘယ်လိုလုပ်ဝံ့မှာလဲ?"
လုမင် အံကြိတ်လိုက်သည်။သူ့ခန္ဓာကိုယ်က တုန်ခါနေပြီး သူ့မျက်လုံးထဲက သွေးတွေ စီးကျလာခဲ့တော့သည်။
အမှိုက်!
ယင်းကား လုယောက် သူ့ကိုခေါ်ခဲ့ခြင်းပင်။လွန်ခဲ့သည့် သုံးရက်ခန့်က လုယောက်ရဲ့ စကားတွေက သူ့နားထဲတွင် ပဲ့တင်ထပ်ကာ ကြားယောင်နေခဲ့သည်။
ကျွီ!
ဒီအချိန်မှာပဲ တံခါးပွင့်သွားပြီး အားနည်းနေဟန်ရသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဝင်ရောက်လာပါသည်။သူမက အိပ်ရာပေါ်ရှိ လုမင်ကိုမြင်ပြီးနောက် စိုးရိမ်ပူပန်စွာနှင့် မေးလိုက်သည်။
"မင်အာ... မင်း အိပ်မက်ဆိုးတွေ ထပ်မက်နေတာလား"
ထိုသတ်လတ်ပိုင်းအရွယ် အမျိုးသမီးက လုမင်ရဲ့မိခင် လီပင်းဖြစ်သည်။
သုံးရက်ကြာ လုမင် ပျောက်နေဝာာမို့ လီပင်းဟာ လိုက်လံရှာဖွေရာမှ အိမ်ပြန်ရောက်လာနိုင်ခဲ့ခြင်းပင်။မဟုပ်ပါက လုမင် အမှန်ပင် သေဆုံးရပေလိမ့်မည်။
လွန်ခဲ့သော ခြောက်နှစ်ခန့်တွင် လုမင်ရဲ့ ဖခင်က အပြင်မှာ အသတ်ခံလိုက်ရသည်ဟု သတင်းများ ထွက်လာပြီး သူတို့သားအမိအနေနှင့် တစ်ဦးကိုတစ်ဦး အားကိုးခဲ့ရသည်။
လုမင် လီပင်းကိုကြည့်ရင်း နူးညံ့စွာပြောလိုက်သည်။
"အိပ်မက်မက်နေဝာာပါအမေ... ကျွန်တော်အဆင်ပြေပါတယ်"
လုမင်ရဲ့ ဖြူရော်နေတဲ့ မျက်နှာကိုကြည့်ရင်း လီပင်း အိပ်ယာအစွန်းမှာဝင်ထိုင်လိုက်ပါသည်။ပြီးနောက် လုမင်ရဲ့ ခေါင်းကိုပွတ်ပြီး ပြောလိုက်သည်။
"သုံးရက်ရှိသွားပြီ... နေ့တိုင်းပဲ လုယောက် နင်ငါ့ကို နာကျင်စေတယ်လို့ ပြောနေတယ်... ဘာလဲ... ဘာတွေဖြစ်ခဲ့တာလဲ... မင်းရဲ့ ဒဏ်ရာတွေက လုယောက်ကြောင့်လား"
လုမင် ပြုံးလိုက်ပြီး
"မဟုပ်ပါဘူးအမေ... နားကြားမှားတာနေမှာပါ"
လုမင် လုယောက်နှင့် မဟာအကြီးအကဲတို့ရဲ့အကြောင်းကို ပြောမပြလိုပါချေ။လီပင်းက ကျင့်ကြံသူမဟုပ်တာမို့ သူမကို အန္တရာယ်ပြုကြမှာ သူစိုးရိမ်မိပါသည်။
လီပင်း အနောက်ပြန်လှည့်ပြီး ပြောလိုက်သည်။
"မင်အာ... နောက်ဆို လုယောက်ကို နံမယ်တပ်မခေါ်တော့နဲ့နော်... လွန်ခဲ့တဲ့ နှစ်ရက်ကပဲ လုယောက်က အဆင့်ငါးသွေးမျိုးဆက်ကို နိုးထခဲ့ပြီး နတ်ဘုရားအဆင့် သွေးကြောတစ်ခုကို ဖွင့်လှစ်နိုင်ခဲ့တယ်လေ…. မိသားစုအစည်းအဝေးမှာ မိသားစုအကြီးအကဲတွေရဲ့ ထောက်ခံမှုနဲ့ နှစ်လပြည့်ရင် သူ့ကို မိသားစုခေါင်းဆောင်ရာထူးပေးဖို့ ဆုံးဖြတ်လိုက်ကြပြီကွဲ့... သူ့နံမယ်ကို တိုက်ရိုက်ခေါ်နေရင် မိသားစုခေါင်းဆောင်ကို မရိုမသေလုပ်သလိုဖြစ်နေမှာကြောက်ရတယ်"
"ဘာ? လုယောက်က မိသားစုခေါင်းဆောင် တာဝန်ယူမှာလား? သူမဘာတွေတွေးနေတာလဲ?"
လုမင် ခပ်တိုးတိုးဟိန်းဟောက်ပြီး အံကြိတ်လိုက်သည်။သူ့မျက်လုံးက ပိုနီရဲလာကာ အံကြိတ်လွန်းသောကြောင့်ပါးစပ်ထဲမှာ သွေးများ စီးကျလာခဲ့တော့သည်။
လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က သူ့ဖခင် အသတ်ခံလိုက်ရတဲ့ အချိန်ကစပြီး မိသားစုခေါင်းဆောင်အသစ် မရွေးချယ်ခဲ့ရသေးပဲ အကြီးအကဲတွေက ထိန်းသိမ်းထားခဲ့သည်။မည်သူ့ကိုမှ လွှဲမပေးခဲ့ပါချေ။
လုမင်ရဲ့ အသွင်ပြင်ကိုမြင်ပြီးနောက် လီပင်း အလွန်စွန်းရိမ်သွားခဲ့သည်။လုမင်ကိုဖက်ပြီး မျက်ရည်များစီးကျလာကာ ပြောလိုက်သည်။
"မင်အာ... အမေ့ကို မခြောက်ပါနဲ့... မင်းအဖေကို ဆုံးရှုံးလိုက်ရပြီးပြီ... မင်းကိုပါ ထပ်ပြီး မဆုံးရှုံးပါရစေနဲ့"
"အဖေ... အဖေဘယ်မှာလဲဗျာ... မင်အာ အဖေမသေသေးဘူးဆိုတာသိတယ်... အခု မင်အာ အကူညီမဲ့နေပြီ... မိသားစုခေါင်းဆောင်ရာထူးကိုတောင် မထိန်းသိမ်းနိုင်တော့ဘူး"
လုမင်ဆွဲပြားလေးကို ထုတ်ယူပြီး လက်သီးဆုပ်လိုက်မိသည်။ လက်သီးကို တအားဆုပ်ထားတာမို့ လက်သည်းများက လက်ဖဝါးထဲတောင်မှ စိုက်ဝင်လာခဲ့ကြပါသည်။
ထိုဆွဲပြားက ကြေးနဲ့ပြုလုပ်ထားပြီး ပဲစေ့တစ်ပြားစာခဲ့ရှိပြီး လွန်ခဲ့သည့် ခြောက်နှစ်၊ သူ့အဖေ အသတ်မခံရခင် ပို့ပေးခဲ့သည့်အရာပင်။လုမင် ဒါကို ခြောက်နှစ်လုံး အမြဲဆောင်ထားခဲ့သည်။
လက်ဖဝါးမှ စီးထွက်လာသည့် သွေးတွေက ကြေးဆွဲပြားထဲ စီးဝင်သွားခဲ့ချိန်မှာဝောာ့...
ဝမ်!
ကြေးဆွဲပြားက အနည်းငယ်တုန်ခါသွားခဲ့ပြီး ပူလောင်လာခဲ့တော့သည်။
လုမင် မတုံ့ပြန်နိုင်မှီမှာပဲ ကြေးဆွဲပြားက သေးငယ်တဲ့အမှုန့်လေးတွေအဖြစ် ပြောင်းလဲသွားခဲ့သည်။ယင်းက သူ့လက်ဖဝါးထဲကို တိုးဝင်ပျောက်ကွယ်သွားတော့သည်။
ထို့နောက် ပူလောင်သည့် စွမ်းအင်တစ်မျိုးက သူ့လက်ဖဝါးမှတစ်ဆင့် သူ့လက်မောင်းအထိ စီးဝင်သွားခဲ့သည်။ထိုအပူစွမ်းအင်က အထက်ကို ဆန်တက်သွားပြီး သူ့နဖူးအလယ်ရှိ ယင်တန်အပ်စိုက်မှတ်တွင် ငြိမ်သက်သွားတော့သည်။
"နဂါးဟူသည်မသေ... သွေးမျိုးဆက် ပြန်လည်မွေးဖွားလာခဲ့လေပြီ!"
ရုတ်တရက် လုမင်စိတ်ထဲမှာ ကျယ်လောင်တဲ့ ဟိန်းဟောက်သံကြီး ပဲ့တင််ထပ် ထွက်ပေါ်လာခဲ့ပါသည်။
"နဂါးဟူသည်မသေ... သွေးမျိုးဆက် ပြန်လည်မွေးဖွားလာခဲ့လေပြီ!"
"နဂါးဟူသည်မသေ... သွေးမျိုးဆက် ပြန်လည်မွေးဖွားလာခဲ့လေပြီ!"
……
လုမင်ရဲ့ စိတ်ထဲတွင် စကားသံတွေက ဆက်တိုက် ပဲတင်ထပ် ထွက်ပေါ်နေခဲ့သည်။ယင်းနောက် အပူစွမ်းအင်များဟာ သူ့မျက်ခုံးနှစ်ခုကြားမှ နောက်ကျောဆီသို့ ပြေးလွှားစီးဆင်းသွားတော့သည်။
ခနကြာပြီးနောက် ထိုအသံက ပျောက်ကွယ်သွားခဲ့ပေမယ့် သူ့ကျောရိုးပေါ်မှ ယားယံလာမှုနှင့်အတူ တစ်ကိုယ်လုံးက ပူလောင်လာခဲ့ပါသည်။
"ဘာဖြစ်တာလဲ?"
လုမင် အံ့အားသင့်သွားခဲ့သည်။
ဒီအခိုက်တန့်မှာပဲ သူ့ကျောရိုးပေါ်တွင် တစ်စုံတစ်ခုက မြန်ဆန်စွာဖွံ့ဖြိုးလာနေသလို အရှိန်ပိုမိုပြင်းထန်လာခဲ့ပါသည်။
"မင်အာ...မင်းဘာဖြစ်ဝာာလဲ... အမေ့ကို ကြောက်အောင် မလုပ်ပါနဲ့"
လုမင်ဆီမှ မူမမှန်မှုကို ခံစားရပြီးနောက် လီပင်း အလွန်စိုးရိမ်လာပါတော့သည်။သူမအနေနှင့် တစ်ခုခုကို လက်လွှတ်လိုက်ရမှာ စိုးရိမ်မိသည်။
"သွေးမျိုးဆက် ပြန်မွေးဖွားလာတာလား? သွေးမျိုးဆက်က တစ်ကယ်ပဲ ပြန်မွေးဖွားလာနိုင်ဝာာလား"
လုမင် တွေးလိုက်သည်။
ရှေးဟောင်းစာအုပ်တွေထဲမှာတော့ အလွန်နည်းပါးတဲ့ ပမာဏရှိ လူအချို့ကတော့ သွေးမျိုးဆက် ပျက်ဆီးနေလျှင်တောင်မှ ပြန်လည်မွေးဖွားလာနိုင်သည်ဟူ၏။
သို့ပေမယ့် ပြန်လည်မွေးဖွားလာသည့် သွေးမျိုးဆက်အများစုဟာ အလွန်နိမ့်ကျပြီး အသုံးမဝင်ဖြစ်နေတတ်လေသည်။
သို့ပေမယ့်လည်း အလွန်နည်းပါးသည့် ပမာဏရှိ လူအချို့ကတော့ အလွန်သန်မာသည့် သွေးမျိုးဆက်တွေနှင့် ပြန်လည်နိုးထလာတတ်ကြသေးသည်။
သို့ပေမယ့် ယင်းက ဖြစ်နိုင်ချေ အလွန်နည်းပါး၏။ရှေးဟောင်းစာအုပ်တွေထဲမှာပင် ရှေးခေတ်မှ မှတ်တမ်းမှတ်ရာအချို့သာ ရှိလေသည်။
ယင်းကြောင့် လုမင်အနေနှင့် အစွမ်းထက်သွေးမျိုးဆက် နိုးထလာဖို့ မျှော်လင့်မထားခဲ့ပါချေ။နောက်ဆုံးတွင် အခွင့်ရေးက သေးငယ်လွန်းလှသည် မဟုပ်ပါလော။သွေးမျိုးဆက် နိုးထလာနိုင်ရုံဆိုလျှငိတောင် သူပျော်ရွှင်စေဖို့ လုံလောက်ခဲ့ပြီဖြစ်သည်။
သွေးမျိုးဆက်နှင့်အတူ သိုင်းတာအိုကို ကျင့်ကြံပြီး သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ပေလိမ့်မည်။
သူ့ခန္ဓာကိုယ်ထဲမှ ထူးခြားသည့် ခံစားချက် တစ်ဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားပြီးနောက် လုမင်ပြုံးလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်အမေ"
"ရှင်ဘာလုပ်တာလဲ... ဒါက အဓိကအိမ်တော်ဆိုတာ မေ့မထားပါနဲ့"
ရုတ်တရက် အပြင်ဘက်ရှိ လီပင်းရဲ့ ကိုယ်ပိုင်အစေခံ ချင်ယွဲ့ဆီမှ စကားသံထွက်ပေါ်လာတာကို ကြားလိုက်ရသည်။
"ဖြန်း"
"ပါးစပ်ပိတ်စမ်း"
ရိုက်နှက်သံ၊ အေးစက်စက် စကားသံတွေနှင့်အတူ လူငယ်တစ်ဦး ဝင်ရောက်လာတာကို မြင်လိုက်ရသည်။
"သခင်မ... သခင်လေး!"
ဆယ့်ခြောက်နှစ်အရွယ် ကောင်မလေးတစ်ဦးက ထိုလူငယ်အနောက်မှ ဝင်လိုက်လာပါသည်။သူမရဲ့ မျက်နှာပေါ်မှာတော့ အနီရောင်အစင်းရာကြီးနှင့်... သူမကတော့ ချူယွဲ့ပင်။
"လုချွမ်... မင်းလား... မင်းဘာလိုချင်လို့လဲ"
လုမင် အေးစက်စက်နှင့် အော်လိုက်သည်။
ထိုသူက လုချွမ်ဖြစ်ကာ လုယောက်ရဲ့ အကိုဖြစ်သည်။သူက လုယောက်ထက် သုံးနှစ်ပိုကြီးကာ အသက်ဆယ့်ခြောက်နှစ်ပြည့်နေပြီဖြစ်သည်။
လုချွမ် လုမင်ကိုမြင်ပြီးနောက် သူ့မျက်လုံးထဲမှာ အံ့အားသင့်နေသည့် အရိပ်အငွေ့တွေဖြတ်သန်းသွားခဲ့သည်။လုမင် မသေသေးသည့်အတွက်လည်း သူအံ့အားသင့်မိသည်။သူအေးစက်စက်နှင့် လှောင်ပြောင်လိုက်သည်။
"လုမင်... ငါ့ညီမလေးက လုမိသားစုကို ကြီးကြပ်ပြီး အဓိကမိသားစုနေရာကို ပြောင်းရွှေ့လိမ့်မယ်... ဒီတော့ ခင်ဗျားတို့တွေ ဒီအိမ်မှာ နေဖို့ မထိုက်တန်တော့ဘူး... အမြန်လစ်ကြတော့"
လီပင်းရဲ့ မျက်နှာက ဖြူရော်သွားတော့သည်။ဒီအခြေအနေကို သူမ မျှော်လင့်ထားပြီး ဖြစ်ပေမယ့် ဒီလောက်မြန်မြန်ဖြစ်လာမယ်ဟု မျှော်လင့်မထားခဲ့တာတော့ အမှန်ပင်။
လီပင်း အတတ်နိုင်ဆုံးပြုံးကာ ပြောလိုက်သည်။
"လုချွမ်.. မင်အာရဲ့ ခန္ဓာကိုယ်က ဒဏ်ရာတွေမပျောက်သေးဘူး... အဲတာကြောင့် နှစ်ရက်လောက်စောင့်ပြီး သူ့ဒဏ်ရာတွေသက်သာမှ ပြောင်းပေးပါရစေ"
"နှစ်ရက်ပေါ့? ခင်ဗျားက ဒီမှာဆက်နေနိုင်ဦးမယ်ထင်နေဝာာလား?"
လုချွမ် လှောင်ပြောင်လိုက်သည်။
"ဒီနေ့တော့ မလုပ်ပါနဲ့... မင်အာရဲ့ ဒဏ်ရာက မသက်သာသေးလို့ပါ... မင်အာသက်သာသွားတာနဲ့ ထွက်သွားပေးပါ့မယ်"
လီပင်း တောင်းပန်တိုးလျိုးလိုက်ပါသည်။
"အနားယူချင်သေးတာလား... သူက သွေးကြောတွေမနိုးထနိုင်ပဲ မရီဒျန်တွေလည်း ပိတ်ဆို့နေတာကို... အနားယူမယ့်အစား သေသွားတာကမှ ကောင်းဦးမယ်... ဘာပဲဖြစ်ဖြစ် ဒီနေ့ ခင်ဗျားတို့ ဖယ်ကိုဖယ်ရမယ်"
လုချွမ် ခိုင်မာစွာ ပြောလိုက်တော့သည်။
-----------
အပိုင်း ( 2 ) ဆက်ရန်
Comments
Post a Comment