အခန်း 4

ထာဝရနဂါး တန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ကိုခန့်
အပိုင်း 4 နတ်ဆိုးသားရဲတောင်တန်း

ဖန်ဟိုမြို့မှာ လုမိသားစုက အင်အားအကြီးဆုံးဖြစ်ပြီး အခြားဘယ်မိသားစုကမှ မယှဉ်သာပါချေ။

လီမိသားစုက အစပိုင်းမှာ ဖန်ဟိုမြို့ရှိ သာမန်မိသားစုလေးထက် မပိုပေ။နောက်ပိုင်း လီပင်းဟာ လုမိသားစုခေါင်းဆောင် လုယွမ်ထျန်းနှင့် လက်ထပ်လိုက်တဲ့အခါမှာတော့ လုမိသားစုကိုမှီပြီး လီမိသားစုက အင်အားတောင့်တင်းလာခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က လီမိသားစုက လီပင်းကိုအလွန်ဂရုစိုက်တယ်ဆိုတာ လုမင်မှတ်မိနေသေးသည်။

သို့သော် လုယွင်ထျန်း မတော်တဆမှုဖြစ်သွားပြီးနောက် လီမိသားစုရဲ့ သူတို့သားအမိအပေါ်သဘောထားက သိသိသာသာကို ပြောင်းလဲသွားခဲ့သည်။လုမင်ရဲ့အဖိုးသေသွားပြီးနောက် သူ့ဦးလေးက လီမိသားစုခေါင်းဆောင်ရာထူးဆက်ခံသည်။သို့သော် သူကိုယ်တိုင်ကပင် သူတို့သားအမိကို လျစ်လျုရှုထားခဲ့တော့သည်။

ယင်းက လူ့သဘောသဘာဝပင် ဖြစ်ပေလိမ့်မည်။

လီမိသားစု ခြံဝင်းထဲတွင်…

လှပင်းဟာ တုန်ခါနေတဲ့ခန္ဓာကိုယ်နှင့် ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေခဲ့ပါသည်။

ဘေးအနားမှာတော့ လီမိသားစုကလေးတွေက လီပင်းကိုလက်ညိုးထိုးရင်း စကားပြောဆိုနေကြသည်။

ခြံဝင်းအထက်မှာတော့ သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ဦးရှိနေပြီး သူက လီပင်းကိုကြည့်ကာ လျစ်လျူရှုစွာပြောလိုက်သည်။
"ညီမလေး… နင်ဘယ်လောက်ကြာကြာ ဒူးထောက်နေဦးမှာလဲ… ဒါက ရှက်ဖို့မကောင်းဘူးလား"

ထိုလူကြီးကား လီပင်းရဲ့အကို လီဖူပင်တည်း။

"အကို… ကျွန်မတောင်းပန်ပါတယ်… မင်အာက နောက်ဆုံးတော့ ချီကျင့်ကြံနိုင်ပြီလေ… သူက ရှင့်ရဲ့တူလေးလေ… သူ့အတွက် ကျင့်ကြံခြင်းပညာရပ်နဲ့ သိုင်းပညာရပ် တစ်ခု၊နှစ်ခုလောက် ပေးပါ‌လား!"
လီပင်း မျက်ရည်တွေကျဆင်းနေရင်းပြောလိုက်သည်။

"ညီမ… နင်မကြားချင်ပေမယ့် ငါပြောရမှာပဲ… သူက ငယ်ငယ်လေးကတည်းက အားနည်းပြီး သွေးကြောတောင် မနိုးထနိုင်ဘူးလေ… သူချီကျင့်ကြံနိုင်တယ်ဆိုရင်တောင် ဘာလုပ်လို့ရမှာလဲ… အနာဂါတ်မှာ ဘာအောင်မြင်မှုမှ ရမလာနိုင်တာကို အေးအေး‌ဆေးဆေးနဲ့ ဘဝကို သာမန်လူတွေအတိုင်းဖြတ်သန်းသွားသင့်တယ်လေ"

"နောက်ပြီး လုမိသားစုရဲ့မဟာအကြီးအကဲက အမျက်ထွက်ပြီး ငါ့ရာထူးကိုစွန့်လွှတ်ခိုင်းစေနိုင်တယ်… ညီမလေးရယ်… အကိုကြီးလည်းအခက်တွေ့နေလို့ပါ… ငါနင့်ကို ကူညီလိုက်ရင် မဟာအကြီးအကဲကို အပြစ်ပြုမိသလိုဖြစ်သွားလိမ့်မယ်လေ"
လီဖူ လျစ်လျူရှုစွာ ပြောလိုက်ပါသည်။

"အကိုကြီး ကျွန်မတောင်းပန်ပါတယ်… မင်အာကို အောင်မြင်မှုကြီးကြီးမားမားရဖို့လည်း ကျွန်မ မမျှော်လင့်ပါဘူး… သူ သိုင်းပညာရှင်ဖြစ်လာရုံနဲ့တင် ကျေနပ်ပါပြီ… ဒါနောက်ဆုံးအကြိမ်ပါ… ဒါပြီးရင် အကို့ကိုဘယ်တော့မှ ခက်ခဲအောင်မလုပ်တော့ပါဘူး"
လီပင်း ဇွဲမလျော့ပဲပြောလိုက်ပါသည်။

လီဖူ မျက်မှောင်ကြုတ်သွားပေမယ့် စာအုပ်တစ်အုပ်ကို လီပင်းရဲ့အရှေ့ကို ပစ်ချပေးရင်း ပြောလိုက်သည်။
"ငါတို့ရဲ့ နှစ်ပေါင်းများစွာရှိခဲ့တဲ့ဆက်ဆံရေးကြောင့် ဒီ"ဓါးသုံးချက်"ပညာရပ်ကို ပေးလိုက်မယ်… ဒါက သိပ်မကောင်းပေမယ့် လုမင်အတွက်တော့ လုံလောက်ပါတယ်… ကဲကဲ သွားတော့… ငါ့ကို နောက်တစ်ခါမနှောင့်ယှတ်တော့နဲ့"

"အမေ!"
ဒီအချိန်မှာပဲ လုမင်နှင့် ချင်ယွဲ့ ရောက်လာခဲ့တော့သည်။

လုမင် လီပင်းရဲ့ခန္ဓာကိုယ်ကို ဖေးမပေးလိုက်သည်။သူမရဲ့ ခန္ဓာကိုယ်က အနည်းငယ်တုန်ခါနေ၍ အချိန်အတော်ကြာ ဒူးထောက်နေခဲ့ရတာသိသာပါသည်။

"မင်အာ… မင်းရဲ့ဦးလေးကို ကျေးဇူးတင်ကြောင်း အမြန်ပြောလိုက်လေ"
လီပင်း လီဖူကို နက်ရှိုင်းစွာကြည့်ပြီးလုမင်ကိုပြောလိုက်သည်။

"သူ့ကိုကျေးဇူးတင်ရမှာလား?"
လုမင်ရဲ့ ရင်ထဲမှာ ဒေါသတွေပြည့်သွားပြီး ပြောလိုက်သည်။
"ဒီလိုမေတ္တာကင်းမဲ့တဲ့သူကို ကျေးဇူးမတင်နိုင်ဘူးအမေ… ပြန်ကြမယ်"

လုမင် သိုင်းစာအုပ်ကို တစ်ချက်တောင်မကြည့်ပဲ လီပင်းကိုခေါ်ကာ ထွက်လာခဲ့တော့သည်။

"သူက မရှက်တတ်ဘူးထင်ပါတယ်… ချီကျင့်ကြံနိုင်တာနဲ့ သူ့ကိုယ်သူ ပါရမီရှင်လို့ ထင်နေတာလားမသိဘူး"

"အမှိုက်က အမီူက်ပါပဲ"
လီမိသားစုကလေးတွေက လှောင်ပြောင်လိုက်ကြသည်။

လုမင်ကတော့ ထိုလူတွေကို တုံ့ပြန်မနေခဲ့ပါချေ။အခု သူ့မှာခွန်အားမရှိလို့ တိတ်ဆိတ်နေရပေမည်။သူ့မှာ ခွန်အားရှိရင် တစ်ဖက်လူတွေ အထင်သေးဝံ့မယ်မဟုပ်ပါချေ။

သို့ပေမယ့် လုမင် တစ်ရက်မှာ ထိုလူတွေရဲ့ပါးစပ်ကိုပိတ်ပေးဖို့ စိတ်ထဲက ကတိပေးလိုက်သည်။

လီမိသားစုမှ ထွက်ခွာလာပြီးနောက် လီပင်းသက်ပြင်းချရင်း ပြောလိုက်သည်။
"မင်အာ… မင်းက စိတ်ကြီးလွန်းတာကိုကွယ်… အဲတာက သိုင်းစာအုပ်လေ… မင်းသာ သိုင်းသမားဖြစ်လာရင် အမေဘာတွေပဲပေးဆပ်ရပါစေ ကိစ္စမရှ်ိပါဘူးကွယ်"

လုမင်က ဓါးတစ်လက်လို ဖြောင့်မတ်စွာရပ်လိုက်ပြီး ပြတ်သားတဲ့မျက်လုံးတွေနှင့် ပြန်ပြောလိုက်သည်။
"အမေ… လီမိသားစုရဲ့ အကူညီမရရင်ဝောာင် ကျွန်တော် သိုင်းသမားတစ်ယောက် ဖြစ်လာမှာပါဗျာ"

နေအိမ်ကို ပြန်ရောက်ပြီးနောက် လုမင် ပါရာဂွန်ဘုရားကျောင်းထဲဝင်ပြီး ပိုပြီး ပြင်းထန်စွာကျင့်ကြံခြင်းကို ပြုလုပ်လိုက်ပါသည်။

"မီးနဂါးလက်သီး"ကို ကျင့်ကြံပြီးနောက် လုမင် "မြွေနဂါးခြေလှမ်း"ကို စတင် လေ့ကျင့်လိုက်သည်။

"မြွေနဂါးခြေလှမ်း" သိုင်းက အလွန်နက်နဲသည်။ဒါကိုအောင်မြင်သွားရင် မြွေနဂါးတစ်ကောင်လိုသွားလာနိုင်ပြီး လျှပ်စီးလက်သလို မြန်ဆန်ပေလိမ့်မည်။

နန်းတော်ထဲမှာထွက်ပေါ်နေတဲ့ သံစဉ်ကြောင့်လည်း လုမင်ရဲ့တိုးတက်မှုက အလွန်မြန်ဆန်နေပါသည်။

နှစ်ကြိမ်ခန့် လေ့ကျင့်ပြီးနောက် ကနဦးနားလည်ခြင်းအဆင့်သို့ ရောက်ရှိသွားတော့သည်။

"ဝှစ် ဝှစ်"
လုမင် သူ့ခန္ဓာကိုယ်ကို တစ်ချက်ယိမ်းနွဲ့ကာ လှုပ်ရှားလိုက်သည်နှင့် သုံးမီတာကျော်အကွာအဝေးသို့ ရောက်ရှိသွားခဲ့သည်။

သုံးမီတာကျော် အကွာအဝေးဟာ ဆယ်‌ပေခန့်ရှိသည်။

"မြွေနဂါးခြေလှမ်း ပထမအဆင့် (ကနဦးနားလည်ခြင်းအဆင့်)… အင်း တဖြည်းဖြည်းပေါ့"

လုမင် ဆက်လက်လေ့ကျင့်နေပြီး ဆယ်ရက်ခန့် ကြာမြင့်သွားခဲ့လေပြီ။

ဆယ်ရက်ကြာပြီးနောက် လုမင် ‌နောက်ထပ်သွေးကြောနှစ်ခုဖွင့်နိုင်ခဲ့ပြီး တင်းမိန်အလယ်လတ်အဆင့်ရဲ့ အမြင့်ဆုံးကိုရောက်ရှိသွားတော့သည်။

သည့်ထက် အကျိုးအမြတ်ပိုရခဲ့တာက သိုင်းပညာတွင်…

"မီးနဂါးလက်သီး" နှင့် ‌"မြွေနဂါးခြေလှမ်း" နှစ်ခုလုံးက တတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ပေါင်းစည်းအသုံးပြုနိုင်ခဲ့လေပြီ။

"ချီကျင့်ကြံတာကတော့ အတော်နှေးနေသေးတာပဲ… ဒီအတိုင်းဆိုရင် ငါဘယ်အချိန်မှ နတ်ဘုရားသွေးကြောသုံးခုကို ဖွင့်နိုင်မလဲမသိဘူး"
လုမင်တွေးလိုက်သည်။

သူ့သွေးကြောတွေကို မြန်မြန်ဖွင့်ပြီး သိုင်းစစ်သည်နယ်ပယ်ကို ချိုးဖြတ်ချင်ရင် ကျားနဂါးဆေးလုံးများစွာကို မှီခိုရပါလိမ့်မည်။

သို့သော် ကျားနဂါးဆေးတစ်လုံးကို ငွေတစ်ရာတေးတန်ပြီး အတော်ကုန်ကြမည်ဖြစ်သည်။သူ့မှာ ငွေမရှိပေ။

"အခု ငါ့ရဲ့ကျင့်ကြံခြင်းက တင်းမိန်အလယ်လတ်အဆင့်ကိုရောက်နေပြီ… နောက်ပြီး သိုင်းပညာရပ်နှစ်ခုကိုလည်း အောင်မြင်ပြီးပေါင်းစည်းနိုင်ထားတယ်… ဆိုတော့ ငါ့မှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်စွမ်း ရှ်ိနေပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့… အခု နတ်ဆိုးသားရဲတောင်တန်းကိုသွားဖို့ အချိန်တန်ပြီ"

နတ်ဆိုးသားရဲတောင်တန်းက ဖန်ဟိုမြို့နှင့် မိုင်ငါးဆယ်ခန့်အကွာမှာရှ်ိတဲ့ အလွန်ကြီးမားသည့် တောင်တန်းကြီးဖြစ်သည်။

ထိုတောင်တန်းတွင် ဝိညာဥ်ဆေးပင်များစွာ‌ ပေါက်ရောက်တာမို့ ဖန်ဟိုမြို့ရှိ သိုင်းပညာရှင်တွေ မကြာခနသွားရောက်ကြလေ့ရှိသည်။

ဟုတ်၏။အခွင့်အလမ်းနှင့်အတူ အန္တရာယ်တွေကလည်း ရှိနေပါသည်။တောင်တန်းက ကြီးမားသလောက် အင်အားကြီးမားသည့် နတ်ဆိုးသားရဲကြီးတွေ ရှိနေပြီး နှစ်စဉ်နှစ်တိုင်း သိုင်းသမားများစွာ သေဆုံးလေ့ရှိသည်။

လုမင်အနေနှင့် တောင်တန်း၏ နက်ရှ်ိုင်းသည့်နေရာတွေအထိ ဝင်ရောက်ဖို့စိတ်ကူးမထားပါချေ။တောင်တန်းအပြင်ပန်းမှာသာနေပြီး ကံကောင်းခြင်းရှာဖွေဖို့ တွေးထားသည်။

လီပင်းကို အကြောင်းပြချက်အချို့ပေးပြီးနောက် လုမင် နတ်ဆိုးသားရဲတောင်တန်းကို ထွက်လာခဲ့တော့သည်။

နှစ်နာရီခန့်ကြာပြီးနောက် လုမင် ‌နတ်ဆိုးသားရဲတောင်တန်းကို လှမ်းမြင်လိုက်ရသည်။နတ်ဆိုးသားရဲတောင်တန်းက ဧရာမသားရဲကြီးတစ်ကောင် လဲလျောင်းနေတာနှင့်တူပြီး ကြီးမားတဲ့ဖိနှိမ်နိုင်စွမ်းကို ခံစားရစေသည်။

လုမင် တုံ့ဆိုင်းခြင်းမရှိပဲ နတ်ဆိုးသားရဲတောင်တန်းဆီကို ပြေးသွားလိုက်တော့သည်။

"ရား!"
မိုင်အနည်းငယ်ခန့် ဝင်ပြီးတာနှင့် သားရဲတစ်ကောင်က လုမင်ကို တိုက်ခိုက်လာခဲ့သည်။

ယင်းက သုံးမီတာခန့်အလျားရှိပြီး သုံးမီတာခန့်ရှိသည့် ကျားကြီးတစ်ကောင်ဖြစ်သည်။

လုမင် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို တစ်ချက်ယိမ်းနွဲ့ကာ တိုက်ခိုက်မှုကို ရှောင်တိမ်းပေးလိုက်သည်။ပြီးနောက် သူ့ ခြေထောက်မှစကာ ကျောရိုးကို ဖြတ်သန်းရင်း တစ်ကိုယ်လုံးမှစွမ်းအင်တွေကို လှည့်ပတ်စေကာ လက်သီးတစ်ချက်ထုတ်ဖော်လိုက်တော့သည်။

"မီးနဂါးလက်သီး"

"ဘုန်း"
ထိုလက်သီးချက်က ကျားရဲ့ လည်ပင်းပေါ်ကို အင်အားပြင်းထန်စွာ ကျဆင်းလာခဲ့ပါသည်။ကျားကြီး သုံးလေးပတ်ခန့်လိမ့်သွားသည်။

"ဝေါင်း!"
ကျားက နာကျင်စွာဟိန်းဟောက်ပြီး လုမင်ကို ကြမ်းကြုတ်စွာ ကုပ်ခြစ်တိုက်ခိုက်တော့သည်။

လုမင် မြွေနဂါးခြေလှမ်းကိုအသုံးပြုကာ ကျားရဲ့တိုက်ခိုက်မှုတွေကို ရှောင်တိမ်းသည်။ယင်းနောက် မီးနဂါးလက်သီးကိုအသုံးပြုကာ ပြန်လည်ထိုးနှက်လိုက်သည်။ကျားက နောက်တစ်ကြိမ်လွင့်သွားပြန်တော့သည်။

လုမင်က နတ်ဘုရားအဆင့် သိုင်းကျင့်စဉ်ဖြစ်သည့် "အစစ်အမှန်နဂါးတိုက်ခိုက်ရေး"ပညာရပ်ကို ကျင့်ကြံထားပါသည်။ထို့ကြောင့် သူ့ရဲ့သွေးကြောတွေက နဂါးတစ်ကောင်လိုဖြစ်နေပြီး သန်မာသည့် ပေါက်ကွဲနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။

လုမင်ရဲ့ ကျင့်ကြံခြင်းအဆင့်က တင်းမိန်အလယ်လတ်အဆင့်ရဲ့ ထိပ်ဆုံးအဆင့်ဆိုပေမယ့် သူ့ရဲ့ပေါက်ကွဲနိုင်စွမ်းက တင်းမိန်အလယ်လတ်အဆင့်ရဲ့ ထိပ်ဆုံးအဆင့်နှင့်လားလားမှ မတူပါချေ။

မီးနဂါးလက်သီးနှင့် လုမင်ရဲ့လက်သီးတစ်လုံးအားက အနည်းဆုံး တစ်ထောင်ဂျင်နီးပါးခန့်ရှိသည်။

လုမင်ရဲ့လက်သီးတွေက ကျားရဲ့ကိုယ်ပေါ်ကို ဆက်တိုက်ကျဆင်းလာသည်။ ဒဏ်ရာတွေက တဖြည်းဖြည်း ပြင်းထန်လာပြီးနောက် ကျားပါးစပ်က သွေးတွေစီးကျ‌လာပါသည်။

နောက်ဆုံးမှာတော့ ကျယ်လောင်စွာဟိန်းဟောက်ရင်း လှည့်ပြေးတော့သည်။

လုမင်လည်း အလွတ်မပေးပဲ ပြေးလိုက်သွားခဲ့သည်။

မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် ကျားက ဂူတစ်လုံးထဲကိုပြေးဝင်သွားခဲ့ပါသည်။လုမင် ခနတော့တွန့်ဆုတ်သွားမိသည်။

ဂူထဲကို လိုက်ဝင်သွားပြီးနောက်မှာတော့ ကျားက သွေးတွေပါးစပ်ကစီးကျနေရင်း သေနေလေပြီ။

"ဟင်? ဒါက အဆင့်နိမ့်ဆေးပင်ဖြစ်တဲ့ ငွေခေါင်းလောင်းမြက်ပဲ!"
ရုတ်တရက် လုမင်ရဲ့မျက်လုံးတွေ တောက်ပသွားသည်။

ဂူထဲမှာ အရွက်ကိုးရွက်ပါတဲ့ ဝိညာဉ်မြက်တစ်ပင်ကို မြင်လိုက်ရပြီး သစ်ရွက်တစ်ရွက်စီက ခေါင်းလောင်းလေးတွေနှင့်တူနေပါသည်။

ဝိညာဉ်ဆေးပင်ကို အဆင့်ကိုးဆင့်ခွဲထားပြီး အဆင့်တစ်ဆင့်စီကို အဆင့်နိမ့်၊အလယ်လတ်နှင့် ထိပ်တန်းအဆင့်ဟူ၍ ပြန်ခွဲထားသည်။

ပထမအဆင့် အဆင့်နိမ့်ငွေခေါင်းလောင်းမြက်က ကြီးမားတဲ့ ဝိညာဉ်စွမ်းအင်တွေပါဝင်ပြိး ငွေသုံးရာတေးခန့်တန်ကြေးရှိပါသည်။ကျားနဂါးဆေးလုံးဆိုရင် သုံးလုံးစာရမည်ဖြစ်သည်။

"နတ်ဆိုးသားရဲတောင်တန်းကို ဝင်ခါစပဲရှိသေးတယ် အကျိုးမြတ်မနည်းရသွားပြီပဲ… ဒီခရီးကတော့တန်တယ်ဟေ့"
လုမင် အလွန်ကျေနပ်သွားသည်။ထို့နောက် ငွေခေါင်းလောင်းမြက်ကိုခူးယူပြီး အသင့်ပြင်ဆင်ထားတဲ့ အိတ်ထဲကို ထည့်သိမ်းလိုက်သည်။

"အကိုဖန်း… သဲမြွေသူခိုးအသိုက်ကိုဝင်တဲ့လမ်းကို ခင်ဗျားတစ်ကယ်သိတာလား"
ဒီခနမှာပဲ ဂူအပြင်ဘက်က အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့တော့သည်။

-------

အပိုင်း 5 သတ်ဖြတ်ခြင်း

Comments

Popular posts from this blog

ထာဝရနဂါး တန်ခိုးရှင် အကျဉ်းချုပ်

အကျဉ်းချုပ်၊ အခန်း 1