အခန်း 5

ထာဝရနဂါး တန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ကိုခန့်
အပိုင်း ( 5 ) သတ်ဖြတ်ခြင်း

လုမင် စိတ်လှုပ်ရှားသွားပြီး အာရုံစိုက်ကာ နားထောင်လိုက်သည်။

"ဟားဟားဟား… သေချာတာပေါ့… သဲမြွေသူခိုးခေါင်းဆောင်က သူ့မယားလေးအတွက် အရမ်းကြိုးစားနေခဲ့တာလေ… ကျုပ်က ဒီကိုလာတဲ့လမ်းကို အဲ့ကောင်မလေးဆီက သိလာတာ… ခင်ဗျားကသာ ကျုပ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိရင် ဒီကိုခေါ်လာမှာမဟုပ်ဘူး"
နောက်အသံတစ်ချက် ထွက်ပေါ်လာခဲ့ပါသည်။

အသံတွေအရတော့ ထိုနှစ်ဦးလုံးက လူငယ်တွေဖြစ်ပုံရသည်။

"ကျုပ်သိတာပေါ့… အကိုဖန်းရာ… ခင်ဗျားက ရုပ်ရည်ချောမောခန့်ညားရုံတင်မက ‌ရိုးသားဖြောင့်မတ်တဲ့သူပဲလေ"
ပထမအသံပိုင်ရှင်က မြှောက်ပင့်လိုက်သည်။

"ဟားဟားဟား!"
အကိုဖန်းဆိုသူက ရယ်မောပြီးနောက် ‌ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
"ဒီနားမှာဂူတစ်ဂူပဲကွ… ကျုပ်တို့အရင်နားကြရအောင်… ပြီးမှ ခေါင်းဆောင်နဲ့ အခြားသူ‌တွေ သဲမြွေသူခိုးကို တိုက်ခိုက်နေကြတုန်း ကျုပ်တို့က သူတို့ရဲ့အသိုက်ထဲကို ခိုးဝင်မယ်… ဒါဆိုရင် သဲမြွေသူခိုးရဲ့ရတနာအားလုံးက ကျုပ်တို့လက်ထဲကိုရောက်ပြီပေါ့"

ပြောပြောဆိုဆိုနှင့် အသက် ဆယ့်ခြောက်နှစ်၊ဆယ့်ခုနှစ်အရွယ် လူငယ်နှစ်ယောက် ဂူထဲကို ဝင်လာခဲ့ကြသည်။

ဂူထဲကို ဝင်ပြီးတာနှင့် လုမင်ကိုမြင်သွားကြပါသည်။

"လုမင် မင်းပဲ… မင်းဒီမှာဘာလုပ်နေတာလဲ?"
မျက်နှာပေါ်မှာ မှဲ့ကြီးတစ်လုံးထင်ရှားစွာပေါက်နေတဲ့လူငယ်က ပြောလိုက်သည်။

"လီမိသားစုက‌လူတွေ"
လုမင် စိတ်ပျက်သွားသွားသည်။

သူတို့နှစ်ဦးလုံးက လီမိသားစုမှဖြစ်သည်။
ချောမောတဲ့လူငယ်က လီဖန်းဖြစ်ပြီး မှဲ့ကြီးနှင့်လူက လီဖေးဟုခေါ်သည်။

"လုမင်… မင်းငါတို့ပြောနေတာတွေကို ကြားလိုက်သေးလား"
လီဖန်းက လုမင်ကိုကြည့်ကာ သုန်မှုန်နေတဲ့မျက်နှာနှင့် မေးလိုက်သည်။

လူမင် ခပ်တည်တည်ပင် ပြန်ပြောပါသည်။
"ငါကြားတယ်"

"လုမင်… မင်းအဲ့လိုကြားသွားတာ မင်းအတွက်ကံဆိုးတာပဲ"
လီဖေးရဲ့ မျက်လုံးထဲမှာ သတ်ဖြတ်ချင်တဲ့အရိပ်ငွေ့တို့ ထွက်ပေါ်လာသည်။

"မင်းက ငါ့ကိုသတ်နိုင်မယ်ထင်လို့လား?"
လုမင်ပြောသည်။

"လုမင်… မင်းနောက်ဘဝ အမှိုက်ကောင်ဖြစ်တဲ့အခါကျရင် လမ်းမသလားဖို့မှတ်သားသွားပေါ့ကွာ… မဟုပ်ရင် စောစောသေတတ်တယ်"
လီဖန်းက အေးစက်စက်နှင့် အထင်မြင်သေးစွာဆိုသည်။

"အကိုဖေး… ဘယ်နှယ့်ကြောင့် အကိုဖေးကိုယ်တိုင်လှုပ်ရှားရမှာလဲဗျာ… သူ့ကို ကျုပ်သတ်လိုက်ပါ့မယ်"
လီဖေးက ရှေ့တစ်လှမ်းတိုးရင်း လုမင်ကို ဂရုမစိုက်စွာကြည့်လိုက်သည်။

ဂူထဲမှ ကျားအသေကိုသူတို့နှစ်ဦးလုံးတွေ့ထားပါသည်။သို့ပေမယ့် ယင်းက သူ့ဘာသာ အခြားသတ္တဝါတစ်ကောင်နှင့်တိုက်ခိုက်ရင်းသေရတယ်လို့ သူတို့‌သတ်မှတ်ထားပါသည်။

လုမင်ရဲ့ အဆင့်ကို သူတို့မသိပဲ အဘယ်သို့ရှိမည်နည်း?

လီဖန်း ခေါင်းညိမ့်ရင်းပြောလိုက်သည်။
"ကောင်းပြီလေ… မြန်မြန်တော့လုပ်… ဒီအမှိုက်ကိုပွဲဖြတ်ပြီးရင် အနားယူကြမယ်"

"စိတ်ချအကိုဖန်း… ဒီကောင့်ကို တစ်ချက်ထဲအပြတ်ဖြတ်လို့ရတယ်"
လီဖေး လှောင်ပြောင်လိုက်ပြီး လုမင်ရဲ့လည်မျိုကို သူ့လက်သည်းတွေနှင့် ကုပ်ဆွဲလိုက်တော့သည်။

လီဖေးက တင်းမိန်အလယ်လတ်အဆင့် ကျင့်ကြံခြင်းအခြေခံရှိပြီး သွေးကြောငါးခုဖွင့်ပြီးလေပြီ။ထိုလက်သည်းကုပ်ချက်က အနည်း‌ဆုံး ငါးရာဂျင်အင်အားကိုသယ်ဆောင်ထားသည်။လုမင်သာ ထိုလက်သည်းကုပ်ချက်နှင့်ညိပါက သေလျှင်သေ၊ မသေလျှင်လည်း ဒဏ်ရာအပြင်းအထန်ရသွားမည်သာ။

"မင်းက ငါ့ကိုသတ်ချင်‌တယ်ပေါ့… ငါက မင်းကိုအရင်သတ်ပေးလိုက်မယ်ဆိုရင်ရော"
လုမင်ရဲ့ မျက်လုံးထဲမှာ လူသတ်ငွေ့တွေထွက်ပေါ်လာသည်။သူလက်သီးတစ်လုံး ပစ်သွင်းလိုက်တော့သည်။

မီးနဂါးလက်သီး!
လီဖေးရဲ့လက်သည်းက သူ့ဆီမရောက်ခင် လုမင်ရဲ့ လက်သီးချက်က လီဖေးရဲ့ရင်ဝပေါ်ကျရောက်သွားခဲ့သည်။

"ဝုန်း"
လီဖေး ဖွဲအိတ်တစ်လုံးလို အထိုးခံလိုက်ရပြီး လွင့်စင်ကာ ဂူနံရံနှင့် ပြင်းထန်စွာတိုက်မိသွားသည်။သူ့ပါးစပ်က သွေးများအန်ထွက်ကာ အသက်ရှုရပ်သွားခဲ့တော့သည်။

လှဖေးကား လုမင်ရဲ့လက်သီးတစ်ချက်နှင့် သေဆုံးသွားလေပြီ။

"မင်း… မင်းလီဖေးကိုသတ်လိုက်ပြီ… မင်းဘယ်လိုတောင်…"
လီဖန်းရဲ့ မျက်လုံးတွေက ပြူးကျယ်နေပြီး ကျယ်လောင်စွာပြောလိုက်သည်။
"မင်းက အမှိုက်မဟုပ်ဘူးလား… ဘယ်လိုလုပ် လီဖေးကိုသတ်နိုင်ရတာလဲ"

"အမှိုက်လား? ဟားဟား… မင်းက အမှိုက်ကို ငါ့ဆီပို့လိုက်တာကိုး"
လုမင် လှောင်ပြောင်လိုက်သည်။

"ဟားဟားဟား… ငါက လီဖေးမဟုပ်ဘူးကွ… မင်းငါ့ကိုသတ်နိုင်မယ်မထင်နဲ့… ငါက သွေးကြောရှစ်ခုဖွင့်ပြီးပြီ… အခုတော့ မင်းသေလိုက်တော့"
လီဖန်းက ပြန်လည်တည်ငြိမ်သွားပါသည်။ထို့နောက် ဓါးတစ်လက်ကိုဆွဲထုတ်ကာ လုမင်ကို တိုက်ခိုက်လိုက်တော့သည်။

သို့သော် လီဖန်းက သာမန်သိုင်းပညာကိုသာ တတ်မြောက်ထားပြီး အင်အားအရာမှာလည်း နိမ့်ကျနေပါသည်။သူက လုမင်ရဲ့ပြိုင်ဘက် အဘယ်သို့ဖြစ်နိုင်ပါမည်နည်း?

လုမင် မြွေနဂါးခြေလှမ်းနှင့် လီဖေးရဲ့ဓါးချက်ကိုရှောင်ပြီး မီးနဂါးလက်သီးနှင့် လီဖေးရဲ့ဝမ်းဗိုက်ကို ထိုးကြိတ်လိုက်သည်။

လီဖေး အော်ဟစ်ပြီး သွေးအန်ကာ လဲကျသွားသည်။သို့ပေမယ့် လီဖန်းရဲ့ကျင့်ကြံခြင်းအခြေခံက လီဖေးထက် ပိုသန်မာပါသည်။သူက ဒဏ်ရာအပြင်းအထန်ရသွားပေမယ့် သေမသွားပါချေ။

"မင်းလိုအမှိုက်မျိုးက ငါ့ကိုအမှိုက်လို့ခေါ်ရဲသေးတယ်ပေါ့"
လူမင် လီ‌ဖန်း‌အနားကို သတ်ဖြတ်ချင်စိတ်အပြည့်နဲ့ ကပ်သွားသည်။

"မဟုပ်ဘူး… ငါ့ကိုမသတ်ပါနဲ့"
လီဖန်း တုန်လှုပ်စွာနဲ့ အော်ဟစ်လိုက်သည်။

လုမင်က ဒီလောက်ထိသန်မာနေမယ်လို့ သူတစ်ခါမှ မတွေးခဲ့ဖူးပါချေ။

"သဲမြွေသူခိုးရဲ့အသိုက်ကို ဘယ်လိုသွားရမှာလဲ… ပြောစမ်း"
လုမင်မေးလိုက်သည်။

လုမင်က လီဖန်းကို တစ်ချက်ထဲနှင့် သတ်နိုင်ပါသည်။သဲမြွေသူခိုးရဲ့အသိုက်ကြောင့် သူမသတ်သေးတာဖြစ်သည်။

သဲမြွေသူခိုးက နတ်ဆိုး‌သားရဲတောင်တန်းမှာ လှုပ်ရှားနေတဲ့ ဓါးမြအုပ်စုဖြစ်ပါသည်။သို့ပေမယ့် သူတို့ရဲ့ တောတွင်းနယ်မြေကျွမ်းကျင်မှုကြောင့် အခုထိ သူတို့အဖွဲ့ကို မဖျက်ဆီးနိုင်သေးပါချေ။

နှစ်များတစ်လျှောက် သဲမြွေသူခိုးတွေအနေနှင့် ရတနာ‌ ဘယ်လောက်ထိစုဆောင်းထားပြီးပြီဆိုတာ ဘယ်သူမှမသိနိုင်ပေ။ဒါတွေကိုသာရလိုက်ရင် လုမင်အတွက် ကျားနဂါးဆေးလုံးဝယ်ဖို့ ငွေမလောက်မှ ပူစရာမလိုတော့ပါချေ။

"သဲမြွေသူခိုးရဲ့ အသိုက်ကို ငါလမ်းညွှန်ပေးနိုင်တယ်… ဒါပေမယ့် မင်းငါ့ကိုမသတ်ရဘူး"
လီဖန်း ပြောလိုက်သည်။

တစ်ချိန်ထဲမှာပင် သူ့စိတ်ထဲမှာ အတွေးတစ်ခုပေါ်လာသည်။သူဒီကလွတ်မြောက်တာနှင့် လုမင်ကိုရော သူ့အမေကိုပါသတ်ဖြတ်ပြီး လတ်စားချေရပေမည်။

"အခု မင်းမှာ ငါနဲ့ညှိနှိုင်းဖို့အခွင့်ရေးမရှိဘူး… မင်းမပြောရင် ငါအခုချက်ချင်းသတ်မယ်"
လုမင် အေးစက်စက်နှင့် ပြောလိုက်သည်။

လီဖန်း တုန်လှုပ်သွားပြီး အမြန်ပြောလိုက်ပါသည်။
"အေးပါ အေးပါ… ငါပြောပြပါမယ်"
လီဖန်း သဲမြွေသူခိုးရဲ့အသိုက်တည်နေရာကို ပြောပြလိုက်တော့သည်။

"အခု မင်းငါ့ကိုသွားခိုင်းလို့ရပြီလား"
လီဖန်းပြောလိုက်သည်။

လုမင် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး
"သွားချင်တယ်ပေါ့… ငါ့ကိုလက်စားချေမယ့်မင်းကို လွှတ်ပေးရမှာလား"
ပြောပြီးတာနှင့် လီဖန်းရဲ့ ရင်ဝကို လက်သီးနှင့်တစ်ချက်ထိုးကာ သတ်ဖြတ်လိုက်တော့သည်။

နှစ်များတစ်လျှောက် လုမင်အနေနှင့် ဒီကမ္ဘာကြီးအကြောင်းကို ကောင်းကောင်းသိနေပြီဖြစ်သည်။

သိုင်းပညာကမ္ဘာမှာ အင်အားကြီးမားသူသာ လေးစားခံရမည်ဖြစ်ပြီး တစ်ခါတစ်ရံ သင်က တစ်ဖက်လူကိုမသတ်ရင် တစ်ဖတ်လူက သင့်ကို သေချာပေါက် သတ်ဖြတ်ပေလိမ့်မည်။

ထိုကြောင့် ရန်သူနှင့် ဆက်ဆံရာမှာ လုမင်ရဲ့နှလုံးသားက ပျော့ညံ့မသွားတတ်ပေ။အဘယ်ကြောင့်ဆိုသော် သူတစ်ခါပျော့ညံ့လိုက်တာနှင့် သူသေရမည်ဖြစ်သောကြောင့်ပင်တည်း။

လုမင် လီဖန်းနှင့် လီဖေးရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ထိုနှစ်ဦးက အလွန်ပင်ဆင်းရဲကြသည်။နှစ်ဦးပေါင်းမှ ငွေနှစ်တေးပင် မရှ်ိပါချေ။

လီဖန်းဆီကတော့ စာအုပ်တစ်အုပ်ရသည်။

ယင်းက "လျှပ်စီးဓါးသိုင်း"ဟုခေါ်သည့် ဓါးသိုင်းတစ်ခုဖြစ်ပြီး အဆင့်မြင့်ပညာရပ်မဟုပ်ပေ။သို့ပေမယ့် လုမင်အတွက် အဆင်ပြေသည်။

လုမင်မှာ တိုက်ခိုက်ရေးပညာရပ်က မီးနဂါးလက်သီးတစ်မျိုးသာရှိပြီး အခြားဘာမှမရှိတာကြောင့် ထိုဓါးသိုင်းကို လေ့ကျင့်ရပေမည်။

ဓါးသိုင်းနှင့် ငွေခေါင်းလောင်းမြက်ကို သိမ်းဆည်းပြီးနောက် သူ့မှာ လုပ်စရာမရှိတော့တာမို့ သဲမြွေသူခိုးရဲ့အသိုက်ဆီကို ဦးတည်လိုက်တော့သည်။

သဲမြွေသူခိုးရဲ့အသိုက်က မိုင်သုံးဆယ်ခန့်အကွာရှိ တောင်ပေါ်မှာဖြစ်သည်။

ထိုတောင်ရဲ့ သုံးဖက်သုံးတန်မှာ မတ်စောက်တဲ့ချောက်ကမ်းပါးကြီးတွေရှိသည်။နတ်ဆိုးသားရဲမျောက်တွေတောင် ဝင်ရောက်ဖို့ခက်ခဲပါသည်။တောင်ဆီကိုဦးတည်သွားဖို့ လမ်းကျဉ်းလေးတစ်ခုသာရှ်ိသည်။

လုမင် တောင်ထိပ်ကိုရောက်ဖို့ နှစ်နာရီခန့် အချိန်ပေးလိုက်ရသည်။

လမ်းတစ်လျှောက်မှာ နတ်ဆိုးသားရဲများစွာနှင့် သူရင်ဆိုင်ခဲ့ရသေးသည်။

နတ်ဆိုးသားရဲတွေကို အဆင့်ကိုးဆင့်ခွဲထားပြီး တစ်ဆင့်စီကို သိုင်းသမားတွေနည်းတူ အလွှာကိုးခုပြန်ခွဲထားသည်။သူတို့က သိုင်းစစ်သည်တော်နယ်ပယ်မှစတင်သည်။

ထိုကြောင့် အဆင့်တစ် နတ်ဆိုးသားရဲဆိုရင်တောင် လူသား သိုင်းစစ်သည်နယ်ပယ်ကျင့်ကြံသူနှင့် တူညီပြီး ယင်းက လုမင်ကိုင်တွယ်နိုင်သောအရာမဟုပ်ပေ။

လုမင် တောင်ထိပ်မှာပုန်းအောင်းရင်း အချိန်ကောင်းကို စောင့်ဆိုင်းနေလိုက်သည်။လီဖန်းရဲ့ ပြောစကားအရ လီမိသားစုခေါင်းဆောင်နဲ့ အခြား လီမိသားစုမှကျွမ်းကျင်သူတွေဟာ သဲမြွေသူခိုးနှင့် တိုက်ခိုက်ကြမည်ဖြစ်သည်။

ဟုတ်၏။လီဖူက ကြင်နာတရားကင်းမဲ့သူဖြစ်သည်။သူက သဲမြွေသူခိုးကို လာရောက်တိုက်ခိုက်တာ အပြစ်မဲ့ပြည်သူတွေထိခိုက်မှာ စိုးရိမ်ခြင်းကြောင့်မဟုပ်ပေ။သူက နှစ်ပေါင်းများစွာ သဲမြွေသူခိုးတို့ စုဆောင်းထားတဲ့ ရတနာတွေကိုရယူလိုတာ‌ကြောင့်ဖြစ်သည်။

မကြာခင်မှာပဲ တောကြီးအတွင်းမှာ လူပုံရိပ်များစွာထွက်ပေါ်လာပြီး သဲမြွေသူခိုးတွေဆီကို အလွန်မြန်ဆန်စွာနှင့် ပြေးဝင်သွားကြတော့သည်။

"ရန်သူတွေဟေ့… တိုက်ကြ!"
တောင်ထိပ်မှ ကျယ်လောင်တဲ့ အော်ဟစ်သံကြီး ပြန်လည်ထွက်ပေါ်လာပါသည်။

ထို့နောက်မှာတော့ ကျယ်လောင်တဲ့ မာန်သွင်းကြုံးဝါးသံ၊ နာကျင်စွာ အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့တော့သည်။

"အချိန်ကျပြီ"
လုမင် မြေနဂါးခြေလှမ်းကိုသုံးပြီး လှုပ်ရှားလိုက်သည်။

မကြာခင်မှာပဲ သဲမြွေသူခိုးအသိုက်ဆီကိုသွားတဲ့ လျို့ဝှတ်တောင်တက်လမ်းကို ရောက်သွားခဲ့သည်။

ယင်းက သဲမြွေသူခိုးတွေရဲ့ လျို့ဝှတ်လမ်းဖြစ်ပြီး သူတို့ရင်မဆိုင်နိုင်တဲ့ ရန်သူနှင့်ရင်ဆိုင်ရပါက ဆုတ်ခွာဖို့လမ်းကြောင်းလည်း ဖြစ်နေပေတော့သည်။

-------

အပိုင်း ( 6 ) ကြွယ်ဝချမ်းသာခြင်း

Comments

Popular posts from this blog

ထာဝရနဂါး တန်ခိုးရှင် အကျဉ်းချုပ်

အခန်း 4

အကျဉ်းချုပ်၊ အခန်း 1